အာဆင္နယ္တုိက္စစ္မႉး ဂီေရာ့ဒ္ကို ခ်ဲလ္ဆီးက ေပါင္ ၁၇ သန္းေက်ာ္နဲ႔ ေခၚယူ

0
1992

ခ်ဲလ္ဆီးအသင္းက အာဆင္နယ္တုိက္စစ္မႉး ဂီေရာ့ဒ္ကို ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ အၿပီးသတ္ ေခၚယူႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။  

ဂီေရာ့ဒ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၇ ဒသမ ၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ ၁၈ လ စာခ်ဳပ္လက္မွတ္ေရးထုိးခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္ အရြယ္ရွိ ဂီေရာ့ဒ္ဟာ ခ်ဲလ္ဆီးအသင္းမွာ ေက်ာနံပါတ္ ၁၈ ကို ဝတ္ဆင္ကစားမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ တုိက္စစ္အတြက္ ေဒါ့မြန္က အူဘာမီရမ္ကို ေခၚယူလုိက္ၿပီးခ်ိန္မွာ ဂီေရာ့ဒ္က အသင္းကေန ထြက္ခြာဖို႔ ပိုေသခ်ာလာခဲ့တာ ျဖစ္ပါတယ္။

ဂီေရာ့ဒ္က “ခ်ဲလ္ဆီးဟာ ပရီးမိးယားလိဂ္ရဲ႕ အႀကီးက်ယ္ဆံုး အသင္းတစ္သင္းပါ၊ ၿပီးခဲတဲ့ ၇ ႏွစ္ အတြင္း ခ်န္ပီယံဆုေတြ ရယူႏုိင္ခဲ့တယ္၊ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္ ခ်ဳပ္ရတာ ဂုဏ္ယူတယ္၊ ကၽြန္ေတာ့္အေနနဲ႔ ေရွ႕ဆက္ၿပီး  အသင္းအတြက္ ေျခစြမ္းျပကစားႏုိင္ဖုိ႔ လုပ္ေဆာင္သြားမယ္” လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်ကို ချဲလ်ဆီးက ပေါင် ၁၇ သန်းကျော်နဲ့ ခေါ်ယူ

ချဲလ်ဆီးအသင်းက အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂီရော့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၁၈ လ စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ်ရှိ ဂီရော့ဒ်ဟာ ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်အတွက် ဒေါ့မွန်က အူဘာမီရမ်ကို ခေါ်ယူလိုက်ပြီးချိန်မှာ ဂီရော့ဒ်က အသင်းကနေ ထွက်ခွာဖို့ ပိုသေချာလာခဲ့တာ ဖြစ်ပါတယ်။

ဂီရော့ဒ်က “ချဲလ်ဆီးဟာ ပရီးမိးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး အသင်းတစ်သင်းပါ၊ ပြီးခဲတဲ့ ၇ နှစ် အတွင်း ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တယ်၊ ချဲလ်ဆီးနဲ့ စာချုပ် ချုပ်ရတာ ဂုဏ်ယူတယ်၊ ကျွန်တော့်အနေနဲ့ ရှေ့ဆက်ပြီး အသင်းအတွက် ခြေစွမ်းပြကစားနိုင်ဖို့ လုပ်ဆောင်သွားမယ်” လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)