
0
2080



ဆော်ဒီအာရေဗျနိုင်ငံဟာ အမျိုးးသမီးအခွင့်ရေး ကိစ္စရပ်တွေအပြင် ရှေးရိုးစွဲဆန်တဲ့ ဥပဒေတွေကို  သတ်မှတ်ပြဌာန်းမှုနဲ့အတူ နိုင်ငံရေး အမြင် မတူတဲ့သူတွေကို ဖြိုခွင်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီအာရေဗျကို လူအခွင့်ရေးကောင်စီကနေ ဖယ်ရှားဖို့တောင်းဆို

ယီမင်နိုင်ငံကို တိုက်ခိုက်မှုမှာ ဦးဆောင်နေတဲ့အတွက် ဆော်ဒီအာရေဗျ နိုင်ငံကို လူအခွင့်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံကနေ ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေ ဖြစ်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျကို လူအခွင့်အရေး ကောင်စီက ဖယ်ရှားဖို့ တောင်းဆိုမှု စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံဟာ ယီမင်နိုင်ငံကို ထိုးစစ်ဆင်မှုမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီးနောက် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရကာ လူအခွင့်ရေးကောင်စီက ဖယ်ရှားပစ်ဖို့ တောင်းဆိုခံနေရတာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ အမျိုးသမီးအခွင့်ရေး ကိစ္စရပ်တွေအပြင် ရှေးရိုးစွဲဆန်တဲ့ ဥပဒေတွေကို သတ်မှတ်ပြဌာန်းမှုနဲ့အတူ နိုင်ငံရေး အမြင် မတူတဲ့သူတွေကို ဖြိုခွင်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)