0
1995
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သြစတြေးလျ ဝန်ကြီးချုပ်ဟောင်းက ABC သတင်းဌာနကို တရားစွဲ
သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကီဗင် ရုဒ်က ထိပ်တန်း သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ သြစတြေးလျ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ABC) သတင်းဌာနကို လိမ်ညာမှုနဲ့ တရားစွဲလိုက်ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ABC သတင်းဌာနက အိမ် လျှပ်စစ်မီး အကာအကွယ်တပ်ဆင်ရေးကိစ္စမှာ သတိပေးမှုတွေ ရှိလျက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီကိစ္စမှာ လူ ၄ ဦး သေဆုံးခဲ့လို့ ၂၀၁၄ ခုနှစ်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် မစ္စတာ ရုဒ်ကတော့ ဒီကိစ္စကနေ လွတ်မြောက်နေခဲ့ပါတယ်။
ABC သတင်းဌာနဟာ လျှို့ဝှက် ကက်ဘိနက် စာရွက်စာတမ်းတွေကို ကိုးကား ဖော်ပြတာ ဖြစ်ပြီး အဲဒီစာရွက်စာတမ်းတွေကို အဟောင်းဆိုတစ်ခုမှာ တွေ့ခဲ့တာပါ။
၂၀ဝ၉ ခုနှစ်တုန်းက အိမ် လျှပ်စစ်မီး အကာအကွယ်တပ်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ရုဒ်၊ ဝန်ကြီးတွေ ဖြစ်တဲ့ ဂျူလီယာ ဂီးလာ့ဒ်၊ ဝိန်း စွမ်းနဲ့ လင်ဆေး တန်နာတို့ကို အန္တရာယ်များကြောင်း သတိပေးမှုတွေ ရှိခဲ့တယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)