
0
1976




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆင်စွယ် ကုန်သွယ်ရောင်းချမှု ဟောင်ကောင် တရားဝင် ပိတ်ပင်

ကမ္ဘာ့အကြီးဆုံး ဆင်စွယ် ဈေးကွက်ကြီးလို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဟောင်ကောင်မှာ ဆင်စွယ် ကုန်သွယ်ရောင်းချမှုကို တရားဝင် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ဆင်စွယ်ရောင်းချမှုကို တဖြည်းဖြည်းလျှော့ချခိုင်းပြီး ၂၀၂၁ ခုနှစ်မှာ အပြီးအပိုင် ပိတ်ပင်ဖို့ ဟောင်ကောင် လွှတ်တော် အမတ်တွေက မဲပေးခဲ့ကြပါတယ်။ တရုတ်ပြည်မကြီးကတော့ မနှစ်က ဆင်စွယ် ရောင်းချမှုကို ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့ဟာ ဆင်တွေ အဖို့တော့ နေ့ထူးနေ့မြတ်ဖြစ်တယ်၊ ၁၉၈၉ ခုနှစ်မှာ နိုင်ငံတကာက ဆင်စွယ်ရောင်းဝယ်မှု ပိတ်ပင်ပြီးနောက် ဟောင်ကောင်ဟာ ဆင်စွယ်တန် ၆၇၀ ကို ကုန်သွယ်နေတဲ့ မှောင်ခိုဈေးကွက်ကြီး ဖြစ်ခဲ့တယ်လို့ WildAid Hong Kong က အဲလက် ဟော့ဖို့ဒ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)