ေမာ္ဝါဒီ ေျပာက္က်ားေခါင္းေဆာင္ကို ဖိလစ္ပိုင္ ဖမ္းဆီး

0
577

ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပ်က္ျပားၿပီးေနာက္ ဖိလစ္ပိုင္ လံုၿခံဳေရးတပ္ဖြဲ႔က ကြန္ျမဴနစ္လက္နက္ကိုင္ အဖြဲ႔ကို ဦးေဆာင္ေနတဲ့ ေမာ္ဝါဒီ ေျပာက္က်ားေခါင္းေဆာင္ကို ဖမ္းဆီးလိုက္ပါတယ္။

ရာေဖးလ္ ေဘေလာ့စစ္နဲ႔ အေဖာ္တစ္ဦးဟာ စစ္တပ္နဲ႔ ရဲေထာက္လွမ္းေရးေတြ လက္ထဲကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ၾကပါေသးတယ္။ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေဘေလာ့စစ္ကို ဖမ္းဆီးဖို႔ အမိန္႔ေပးၿပီးေနာက္ ေထာက္လွမ္းေရးအဖြဲ႔က ေျခရာခံၿပီး သတင္းအရ ကူဇြန္ၿမိဳ႕မွာ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ေဘေလာ့စစ္ဟာ ျပည္သူ႔တပ္မေတာ္သစ္ (NPA) ရဲ႕ အတြင္းေရးမႉးျဖစ္ၿပီး NPA မွာ ေျပာက္က်ားတပ္ဖြဲ႔ဝင္ ၃ ေထာင္ရွိကာ ေဝလံေခါင္ဖ်ားတဲ့ ေဒသေတြမွာ တိုက္ခိုက္ေနတာ ႏွစ္ ၅၀ ရွိၿပီ ျဖစ္ပါတယ္။ တိုက္ခိုက္မႈေတြအတြင္း လူ ၄ ေသာင္းေလာက္ ေသဆံုးခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မော်ဝါဒီ ပြောက်ကျားခေါင်းဆောင်ကို ဖိလစ်ပိုင် ဖမ်းဆီး

ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြားပြီးနောက် ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့က ကွန်မြူနစ်လက်နက်ကိုင် အဖွဲ့ကို ဦးဆောင်နေတဲ့ မော်ဝါဒီ ပြောက်ကျားခေါင်းဆောင်ကို ဖမ်းဆီးလိုက်ပါတယ်။

ရာဖေးလ် ဘေလော့စစ်နဲ့ အဖော်တစ်ဦးဟာ စစ်တပ်နဲ့ ရဲထောက်လှမ်းရေးတွေ လက်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ သမ္မတ ရိုဒရီဂို ဒူတာတေးက ဘေလော့စစ်ကို ဖမ်းဆီးဖို့ အမိန့်ပေးပြီးနောက် ထောက်လှမ်းရေးအဖွဲ့က ခြေရာခံပြီး သတင်းအရ ကူဇွန်မြို့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဘေလော့စစ်ဟာ ပြည်သူ့တပ်မတော်သစ် (NPA) ရဲ့ အတွင်းရေးမှူးဖြစ်ပြီး NPA မှာ ပြောက်ကျားတပ်ဖွဲ့ဝင် ၃ ထောင်ရှိကာ ဝေလံခေါင်ဖျားတဲ့ ဒေသတွေမှာ တိုက်ခိုက်နေတာ နှစ် ၅၀ ရှိပြီ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း လူ ၄ သောင်းလောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)