
0
376




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် လူမှုခိုလှုံရေးဂေဟာ မီးလောင်၊ ၁၁ ဦးသေ

ဂျပန်နိုင်ငံမှာ ငွေကြေးအခက်အခဲ ရှိသူတွေ ခိုလှုံနိုင်တဲ့ ဂေဟာတစ်ခုမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ညက မီးလောင်လို့ ၁၁ ဦး သေဆုံးသွားပါတယ်။

အဲဒီဂေဟာမှာ လူ ၁၆ ဦး နေထိုင်နေပြီး မီးလောင်စဉ် မီးသတ်သမားတွေက ၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဆပ်ပိုရိုမြို့ မြောက်ပိုင်းရှိ အထပ်သုံးထပ်ပါ အဲဒီဂေဟာမှာ ခိုလှုံနေသူ အများစုဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို ဂျပန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း ဆပ်ပိုရိုမှာ သက်ကြီးရွယ်အိုတွေ နေထိုင်တဲ့ ဂေဟာတစ်ခု မီးလောင်လို့ ၇ ဦး သေဆုံးခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)