ၿဗိတိန္ကို အေမရိကန္ ရန္သူေတာ္စာရင္းထဲ ထည့္ဖို႔ သမၼတ ထရမ့္ ေျပာ

0
627

ေဂ်႐ုစလမ္ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္ မေထာက္ခံေၾကာင္း ကုလသမဂၢမွာ မဲေပးခဲ့လို႔ အေမရိကန္ ရန္သူေတာ္ႏိုင္ငံ ၁၀၀ ေက်ာ္စာရင္းမွာ ၿဗိတိန္ကို ထည့္ဖို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျပာပါတယ္။

အေမရိကန္က ေဒၚလာ သန္းနဲ႔ခ်ီၿပီး ကူညီေနတဲ့ ႏိုင္ငံ ၁၂၈ ႏိုင္ငံအနက္ တခ်ိဳ႕ႏိုင္ငံေတြက ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္း ကုလသမဂၢ မဲခြဲမႈမွာ ကန္႔ကြက္မဲ ေပးခဲ့ၾကပါတယ္။

ကူညီေထာက္ပံ့ေငြေတြဟာ အေမရိကန္ရဲ႕ မိတ္ေဆြႏိုင္ငံေတြဆီပဲ ေရာက္သင့္တယ္၊ ရန္သူႏိုင္ငံေတြဆီ မေရာက္သင့္ဘူးလို႔ ဇန္နဝါရီလ ၃၀ ရက္ေန႔က ကြန္ဂရက္မွာ ေျပာတဲ့မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

အစၥလာမ္ ဆန္႔က်င္ေရး လက္ယာစြန္း အုပ္စုတစ္ခုျဖစ္တဲ့ Britain First ရဲ႕ ပို႔စ္တစ္ခုကို သမၼတ ထရမ့္က ျပန္တင္စဥ္ကလည္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ထရီဆာ ေမနဲ႔ ကေတာက္ကဆ ျဖစ္ခဲ့ဖူးပါေသးတယ္။

သမၼတ ထရမ့္က ထရီဆာ ေမ အေနနဲ႔ သူ႔ကို အာ႐ံုစိုက္မေနသင့္ေၾကာင္းနဲ႔ အဖ်က္စြမ္းအားရွိတဲ့ အစြန္းေရာက္ မြတ္စလင္ အၾကမ္းဖက္သမားေတြ ၿဗိတိန္မွာ ရွိေနတာကို အာ႐ံုစိုက္ဖို႔ တြစ္တာမွာ ေရးတင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်ကို အမေရိကန် ရန်သူတော်စာရင်းထဲ ထည့်ဖို့ သမ္မတ ထရမ့် ပြော

ဂျေရုစလမ်ကို အစ္စရေးမြို့တော်အဖြစ် မထောက်ခံကြောင်း ကုလသမဂ္ဂမှာ မဲပေးခဲ့လို့ အမေရိကန် ရန်သူတော်နိုင်ငံ ၁၀ဝ ကျော်စာရင်းမှာ ဗြိတိန်ကို ထည့်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

အမေရိကန်က ဒေါ်လာ သန်းနဲ့ချီပြီး ကူညီနေတဲ့ နိုင်ငံ ၁၂၈ နိုင်ငံအနက် တချို့နိုင်ငံတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကုလသမဂ္ဂ မဲခွဲမှုမှာ ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။ ကူညီထောက်ပံ့ငွေတွေဟာ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေဆီပဲ ရောက်သင့်တယ်၊ ရန်သူနိုင်ငံတွေဆီ မရောက်သင့်ဘူးလို့ ဇန်နဝါရီလ ၃၀ ရက်နေ့က ကွန်ဂရက်မှာ ပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အစ္စလာမ် ဆန့်ကျင်ရေး လက်ယာစွန်း အုပ်စုတစ်ခုဖြစ်တဲ့ Britain First ရဲ့ ပို့စ်တစ်ခုကို သမ္မတ ထရမ့်က ပြန်တင်စဉ်ကလည်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာ မေနဲ့ ကတောက်ကဆ ဖြစ်ခဲ့ဖူးပါသေးတယ်။ သမ္မတ ထရမ့်က ထရီဆာ မေ အနေနဲ့ သူ့ကို အာရုံစိုက်မနေသင့်ကြောင်းနဲ့ အဖျက်စွမ်းအားရှိတဲ့ အစွန်းရောက် မွတ်စလင် အကြမ်းဖက်သမားတွေ ဗြိတိန်မှာ ရှိနေတာကို အာရုံစိုက်ဖို့ တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)