ခိုးဝင်တဲ့ မြန်မာရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ ထိုင်း ယာဉ်မောင်း အဖမ်းခံရ

0
208

ထိုင်းနိုင်ငံ၊ လမ်ပန်ပြည်နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က တရားမဝင် ခိုးဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်းဝင်ရောက်သူ ခုနစ်ဦးနဲ့ ပို့ဆောင်ပေးတဲ့ ထိုင်းယာဉ်မောင်းတစ်ဦးတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဆာလီယမ်ဝမ် စစ်ဆေးရေးဂိတ်မှာ ဇူလိုင်လ ၃၀ ရက် မနက်ပိုင်းက မသင်္ကာတဲ့ ပစ်ကပ်ထရပ်ကားကို စစ်ဆေးခဲ့ကြောင်း၊ ကားပေါ်မှာ ပုန်းပြီးလိုက်လာတဲ့ မြန်မာနိုင်ငံသား ခုနစ်ဦးကို တွေ့ရှိရပြီး နိုင်ငံထဲဝင်ရောက်ခွင့် အထောက်အထား မပါကြောင်း လမ်ပန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး ဆူရိယ ချိုင်နန်က ပြောပါတယ်။

အဖမ်းခံရသူတစ်ဦးက သူတို့ဟာ အလုပ်ရှာဖွေဖို့ တပ်ခရိုင်ကနေ ထိုင်းနိုင်ငံကို ဝင်ရောက်ပြီး လမ်ပန်ဘက်ကို လာခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ပို့ဆောင်ပေးတဲ့ ထိုင်းယာဉ်မောင်းကို ဝီယန်မွတ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

အခုလို စီးနငြးရှာဖှမှေုဟာ ထိုငြးနိုငငြံကို COVID-19 ရောဂါရှိသူ ဝငရြောကလြာမှာ စိုးရိမတြဲ့အတှကြ စဈဆေးခံယူမှု မရှိဘဲ နိုငငြံခှားသားတှေ မဝငရြောကရြေး အကောငအြထညဖြောြ ဆောငရြှကတြာတှရေဲ့ တဈစိတတြဈပိုငြး ဖှဈကှောငြး၊ တရားမဝငြ ဝငရြောကလြာတဲ့ နိုငငြံခှားသားတှရှေိရငြ ရဲဌာနကို အကှောငြးကှားစလေိုကှောငြးလညြး ရဲဗိုလမြှူးကှီး ဆူရိယ ခွိုငနြနကြ ပှောပါတယြ။

__________________

__________________


ထိုင်းနိုင်ငံ၊ လမ်ပန်ပြည်နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က တရားမဝင် ခိုးဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်းဝင်ရောက်သူ ခုနစ်ဦးနဲ့ ပို့ဆောင်ပေးတဲ့ ထိုင်းယာဉ်မောင်းတစ်ဦးတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဆာလီယမ်ဝမ် စစ်ဆေးရေးဂိတ်မှာ ဇူလိုင်လ ၃၀ ရက် မနက်ပိုင်းက မသင်္ကာတဲ့ ပစ်ကပ်ထရပ်ကားကို စစ်ဆေးခဲ့ကြောင်း၊ ကားပေါ်မှာ ပုန်းပြီးလိုက်လာတဲ့ မြန်မာနိုင်ငံသား ခုနစ်ဦးကို တွေ့ရှိရပြီး နိုင်ငံထဲဝင်ရောက်ခွင့် အထောက်အထား မပါကြောင်း လမ်ပန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး ဆူရိယ ချိုင်နန်က ပြောပါတယ်။

အဖမ်းခံရသူတစ်ဦးက သူတို့ဟာ အလုပ်ရှာဖွေဖို့ တပ်ခရိုင်ကနေ ထိုင်းနိုင်ငံကို ဝင်ရောက်ပြီး လမ်ပန်ဘက်ကို လာခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ပို့ဆောင်ပေးတဲ့ ထိုင်းယာဉ်မောင်းကို ဝီယန်မွတ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

အခုလို စီးနင်းရှာဖွေမှုဟာ ထိုင်းနိုင်ငံကို COVID-19 ရောဂါရှိသူ ဝင်ရောက်လာမှာ စိုးရိမ်တဲ့အတွက် စစ်ဆေးခံယူမှု မရှိဘဲ နိုင်ငံခြားသားတွေ မဝင်ရောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်တာတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေရှိရင် ရဲဌာနကို အကြောင်းကြားစေလိုကြောင်းလည်း ရဲဗိုလ်မှူးကြီး ဆူရိယ ချိုင်နန်က ပြောပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)