ထိုင်းမှာ မြန်မာနှစ်ဦးကို ဆင်ရိုင်းတစ်ကောင် တိုက်ခိုက်လို့ ဒဏ်ရာ ပြင်းထန်စွာ ရ

0
561

ထိုင်းနိုင်ငံ၊ တောင်ဖာဖွန်ခရိုင်ရှိ ပွန်နမ်ရွန် ဧရိယာရှိ တောထဲမှာ တောဆင်ရိုင်းတစ်ကောင်က တိုက်ခိုက်ရန်မူလို့ မြန်မာနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်လို့ တောင်ဖာဖွန် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုထွန်း (၃၅ နှစ်) နဲ့ ဦးငယ် (၆၀ နှစ်) တို့ဟာ မေလ ၂၆ ရက်နေ့က တောထဲကိုသွားပြီး ဘန်းရိုင်အနီးမှာ မှိုရှာကြတာ ဖြစ်ပါတယ်။ မှိုရှာပြီး ပြန်အလာမှာ တောဆင်ရိုင်းနဲ့ တွေ့ပြီး တောဆင်ရိုင်းက နှာမောင်နဲ့ ရိုက်လို့ မြေပေါ်ကို လဲကျပြီး ကိုထွန်းက ဗိုက်မှာ၊ ဦးငယ်က ခြေထောက်တစ်ဖက်မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာပါ။

သစ်တောဥယျာဉ် ကယ်ဆယ်ရေးအဖွဲ့က အခင်းဖြစ်ပွားရာမှာ ည ၉ နာရီခွဲမှာ ရောက်ရှိခဲ့ပြီး အရင်ဆုံး ကိုထွန်းကို တောထဲကနေ သယ်ထုတ်ကာ တောင်ဖာဖွန် ဆေးရုံကို ပို့ခဲ့ပါတယ်။ အဲဒီနောက် တောထဲပြန်လာပြီး ည ၁၁ ခွဲကျမှ ဦးငယ်ကို ပြန်လာသယ်ခဲ့ကြပါတယ်။ ဦးငယ်ရဲ့ ဘယ်ဘက်ခြေထောက် ကျိုးသွားခဲ့ပြီး ဖာဟွန် ဖွန်ဖာယူဟာဆေနာ ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။

တောငဖြာဖှနြ အမွိုးသားဥယွာဉြ တာဝနရြှိသူတှကေ ဟှေး ခါယငနြဲ့ ဘနြးရိုငြ သဈတောတဝိုကမြှာ တောဆငရြိုငြးတှကေို သတိထားဖို့ နှိုးဆောထြားပါတယြ။ မှနမြာနိုငငြံ နယခြှားနဲ့ နီးတဲ့ တောငထြူထပတြဲ့ အဲဒီဝနြးကငွမြှာ ဆငရြိုငြးတှကေို မကှာခဏ တှေ့ရတတပြါတယြ။

_____________________

_____________________


ထိုင်းနိုင်ငံ၊ တောင်ဖာဖွန်ခရိုင်ရှိ ပွန်နမ်ရွန် ဧရိယာရှိ တောထဲမှာ တောဆင်ရိုင်းတစ်ကောင်က တိုက်ခိုက်ရန်မူလို့ မြန်မာနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်လို့ တောင်ဖာဖွန် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုထွန်း (၃၅ နှစ်) နဲ့ ဦးငယ် (၆၀ နှစ်) တို့ဟာ မေလ ၂၆ ရက်နေ့က တောထဲကိုသွားပြီး ဘန်းရိုင်အနီးမှာ မှိုရှာကြတာ ဖြစ်ပါတယ်။ မှိုရှာပြီး ပြန်အလာမှာ တောဆင်ရိုင်းနဲ့ တွေ့ပြီး တောဆင်ရိုင်းက နှာမောင်နဲ့ ရိုက်လို့ မြေပေါ်ကို လဲကျပြီး ကိုထွန်းက ဗိုက်မှာ၊ ဦးငယ်က ခြေထောက်တစ်ဖက်မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာပါ။

သစ်တောဥယျာဉ် ကယ်ဆယ်ရေးအဖွဲ့က အခင်းဖြစ်ပွားရာမှာ ည ၉ နာရီခွဲမှာ ရောက်ရှိခဲ့ပြီး အရင်ဆုံး ကိုထွန်းကို တောထဲကနေ သယ်ထုတ်ကာ တောင်ဖာဖွန် ဆေးရုံကို ပို့ခဲ့ပါတယ်။ အဲဒီနောက် တောထဲပြန်လာပြီး ည ၁၁ ခွဲကျမှ ဦးငယ်ကို ပြန်လာသယ်ခဲ့ကြပါတယ်။ ဦးငယ်ရဲ့ ဘယ်ဘက်ခြေထောက် ကျိုးသွားခဲ့ပြီး ဖာဟွန် ဖွန်ဖာယူဟာဆေနာ ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။

တောင်ဖာဖွန် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက ဟွေး ခါယင်နဲ့ ဘန်းရိုင် သစ်တောတဝိုက်မှာ တောဆင်ရိုင်းတွေကို သတိထားဖို့ နှိုးဆော်ထားပါတယ်။ မြန်မာနိုင်ငံ နယ်ခြားနဲ့ နီးတဲ့ တောင်ထူထပ်တဲ့ အဲဒီဝန်းကျင်မှာ ဆင်ရိုင်းတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။ 

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)