ထိုင်းရှိ ဂူတစ်ဂူထဲမှာ နှစ် ၃၀၀၀ သက်တမ်းရှိ ဂူနံရံပန်းချီလက်ရာတွေ တွေ့ရှိ

0
736

ထိုင်းနိုင်ငံ၊ တာကူအာ တွန်းခရိုင်၊ ခိုတူလာကျွန်းရှိ ပစ်ချ် ပါကာရန် ဂူထဲမှာ သက်မ်း နှစ် ၃၀၀၀ ရှိ ရှေးခေတ် နံရံပန်းချီတွေ ရှာဖွေတွေ့ရှိတယ်လို့ ဖန်င ပင်လယ်အော် ရေကြောင်းအမျိုးသား ဥယျာဉ် အကြီးအကဲ ဆရာယွတ် တန်ထီယန်က ပြောပါတယ်။

ဂူထဲက ရှေးဟောင်းပန်းချီတွေကို ဇူလိုင်လ ၂၄ ရက်နေ့က ဆရာယွတ်ဦးဆောင်တဲ့ တာဝန်ရှိသူတွေက တွေ့ရှိခဲ့တာပါ။

ဂူထဲမှာ အသစ်တွေ့ရတဲ့ ပန်းချီလက်ရာတွေဟာ တခြား ဖန်င ပင်လယ်အော်နဲ့ အနီးဧရိယာအတွင်း တွေ့ရှိရတဲ့ လက်ရာတွေနဲ့ အတူတူပဲလို့ သူက ပြောပါတယ်။ လောလောဆယ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစစ်ဆေးဖို့ စောင့်ဆိုင်းနေပါတယ်။

အမျိုးသားဥယျာဉ်ထဲမှာ လောလောဆယ် ရှေးခေတ်ပန်းချီတွေ တွေ့ရှိရတဲ့နေရာ လေးနေရာရှိပြီး ခေါက်ဖရာအတ်ထောင်၊ ခေါက်နတ်၊ ခေါက်ရာယာနဲ့ ခေါက်ခီယန်တို့မှာ ဖြစ်ပါတယ်။

ရှေးခေတ်ကာလက မုတ်သုံကာလမှာ လာရောက်ခိုလှုံတဲ့ ရှေးသင်္ဘောသားတွေ ရေးဆွဲခဲ့တာလို့ ယူဆကြောင်း၊ ရသပန်းချီဌာနကတော့ ဒီလက်ရာတွေဟာ နှစ် ၃၀၀၀ ထက် သက်တမ်းမနည်းဘူးလို့ ပြောကြောင်း ရေကြောင်းအမျိုးသား ဥယျာဉ် အကြီးအကဲ ဆရာယွတ်က ပြောပါတယ်။

________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)