အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက စစ်သွေးကြွ ISIS အစ္စလာမ် အကြမ်းဖက်သမား ၁၅၀ ကနေ ၂၀၀ ခန့်ဟာ အိန္ဒိယနိုင်ငံ ကရာလာနဲ့ ကာနာတာကာ ပြည်နယ်တို့မှာ ခိုအောင်းပြီး ဒေသတွင်းမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ကုသလမဂ္ဂ အစီရင်ခံစာတစ်စောင်က သတိပေးလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ နမ်ရုဇ်၊ ဟယ်လ်မန့်နဲ့ ကန်ဒါဟာ ပြည်နယ်တွေက တာလီဘန်တို့ အုပ်ချုပ်မှုအောက်မှာ အယ်လ်-ကေးဒါး အိန္ဒိယတိုက်ငယ်အဖွဲ့ (AQIS) က လှုပ်ရှားနေတာလို့ အယ်လ်-ကေးဒါးနဲ့ ဆက်စပ်အဖွဲ့တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ရဲ့ ၂၆ ကြိမ်မြောက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ISIS အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနဲ့ ပါကစ္စတန်က အဖွဲ့ဝင်တွေပါဝင်ပြီး အင်အား ၁၅၀ ကနေ ၂၀၀ အထိ ရှိကြောင်း၊ လက်ရှိ AQIS ခေါင်းဆောင်ဟာ အာဆင် အူမာကို ဆက်ခံတဲ့ အိုစမာ မာမွတ်ဖြစ်ကြောင်း၊ အရင်ခေါင်းဆောင် အသတ်ခံရမှုအတွက် ဒေသတွင်း လက်စားချေဖို့ စီစဉ်နေကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
_________________

_________________
အိန္ဒိယပြည်နယ်နှစ်ခုမှာ ISIS အကြမ်းဖက်သမား ၂၀၀ ခန့် ခိုအောင်းနေ
အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက စစ်သွေးကြွ ISIS အစ္စလာမ် အကြမ်းဖက်သမား ၁၅၀ ကနေ ၂၀၀ ခန့်ဟာ အိန္ဒိယနိုင်ငံ ကရာလာနဲ့ ကာနာတာကာ ပြည်နယ်တို့မှာ ခိုအောင်းပြီး ဒေသတွင်းမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ကုသလမဂ္ဂ အစီရင်ခံစာတစ်စောင်က သတိပေးလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ နမ်ရုဇ်၊ ဟယ်လ်မန့်နဲ့ ကန်ဒါဟာ ပြည်နယ်တွေက တာလီဘန်တို့ အုပ်ချုပ်မှုအောက်မှာ အယ်လ်-ကေးဒါး အိန္ဒိယတိုက်ငယ်အဖွဲ့ (AQIS) က လှုပ်ရှားနေတာလို့ အယ်လ်-ကေးဒါးနဲ့ ဆက်စပ်အဖွဲ့တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ရဲ့ ၂၆ ကြိမ်မြောက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ISIS အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနဲ့ ပါကစ္စတန်က အဖွဲ့ဝင်တွေပါဝင်ပြီး အင်အား ၁၅၀ ကနေ ၂၀၀ အထိ ရှိကြောင်း၊ လက်ရှိ AQIS ခေါင်းဆောင်ဟာ အာဆင် အူမာကို ဆက်ခံတဲ့ အိုစမာ မာမွတ်ဖြစ်ကြောင်း၊ အရင်ခေါင်းဆောင် အသတ်ခံရမှုအတွက် ဒေသတွင်း လက်စားချေဖို့ စီစဉ်နေကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
မနှစ်က မေလမှာ IS အဖွဲ့ (ISIS, ISIL အဖွဲ့လို့လည်း လူသိများ) ဟာ အိန္ဒိယနိုင်ငံအတွင်းမှာ နယ်သစ်တစ်ခု တည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေ တိုက်ခိုက်မှုဖြစ်ပြီးနောက် အကြမ်းဖက်အဖွဲ့က အဲဒီလို ပထမဆုံး ကြေညာခဲ့တာပါ။