မလေးရှားရေပြင်မှာ ပျောက်ဆုံးနေတဲ့ ဘင်္ဂါလီ ၂၄ ဦးကို ရှာဖွေနေ

0
726

မလေးရှားနိုင်ငံ၊ လန်ကာဝီ အပမ်းဖြေကျွန်းအနီး လှေကိုစွန့်ခွာကာ ရေကူးပြီး ကုန်းပေါ်တက်ပြေးဖို့ ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ဘင်္ဂါလီ မွတ်စလင် ၂၄ ဦးကို မလေးရှား အာဏာပိုင်တွေက ရှာဖွေနေပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ မွတ်စလင်တွေဟာ မွတ်စလင် အများစုရှိရာ မလေးရှားကို လှေနဲ့ ခိုးဝင်နေကြတာ ၂၀၁၇ ခုနှစ် နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ကျွန်းအနောက်ဘက် ကမ်းခြေအနီး လှေကိုစွန့်ခွာပြီး ကမ်းခြေကို ၂၅ ဦး ကူးခတ်ထွက်ပြေးကြရာမှာ တစ်ဦးသာ ကမ်းခြေကို ရောက်ရှိတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်က ပြောပါတယ်။

လှေနှစ်စီးနဲ့ လေယာဉ်တစ်စီးကို ဇူလိုင်လ ၂၆ ရက်နေ့က ရှာဖွေဖို့ စေလွှတ်ခဲ့တယ်လို့ မလေးရှား ရေကြောင်းလုံခြုံရေးအဖွဲ့ ပြည်နယ် ညွှန်ကြားရေးမှူး မွတ် ဇာဝါဝီ အဗ္ဗဒူလာက ပြောပါတယ်။ တခြားကယ်ဆယ်ရေးအဖွဲ့တွေ၊ ဒေသခံ ငါးဖမ်းသမားတွေဆီက ရတဲ့အချက်အလက်ပေါ် မူတည်ပြီး ကူညီရှာဖွေဖို့ ထိုင်းအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်လို့ သူက ပြောပါတယ်။

ကမ်းပေါ်ရောက်လာတဲ့ ဘင်္ဂါလီ မွတ်စလင်တစ်ဦးကိုတော့ စစ်ဆေးမေးမြန်းဖို့ ရဲက ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့လကလည်း လန်ကာဝီကျွန်းကို ရောက်လာတဲ့ ဘင်္ဂါလီ မွတ်စလင် ၂၆၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သူတို့ကို ပိုကြီးတဲ့ လှေပေါ်ကနေ ပြောင်းတင်ပေးလိုက်တာဖြစ်ပြီး လှေကြီးပေါ်မှာ လေးလကြာ ပင်လယ်ခရီးစဉ်အတွင်း လူအများအပြား သေဆုံးလို့ ပင်လယ်ထဲ ပစ်ချခဲ့တယ်လို့ ထွက်ဆိုကြောင်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။

မလေးရှားက ဒုကျခသညတြှကေို အသိအမှတမြပှုဘဲ ဝနကြှီးခွုပြ မူယဈဒငြ ယကဆြငကြလညြး ပှီးခဲ့တဲ့လက မလေးရှားနိုငငြံဟာ ဘငြျဂါလီ မှတစြလငြ ဒုကျခသညတြှကေို ထပပြှီး လကမြခံနိုငကြှောငြး၊ ကိုရိုနာဗိုငြးရပဈြ ကပရြောဂါကှောင့ြ စီးပှားရေး ထိခိုကမြှုကို ရုနြးကနနြရကှေောငြး ပှောခဲ့ပါတယြ။

__________________

__________________

မလေးရှားရပွေငျမှာ ပြောကျဆုံးနတေဲ့ ဘငျ်ဂါလီ ၂၄ ဦးကို ရှာဖှနေေ

မလေးရှားနိုင်ငံ၊ လန်ကာဝီ အပမ်းဖြေကျွန်းအနီး လှေကိုစွန့်ခွာကာ ရေကူးပြီး ကုန်းပေါ်တက်ပြေးဖို့ ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ဘင်္ဂါလီ မွတ်စလင် ၂၄ ဦးကို မလေးရှား အာဏာပိုင်တွေက ရှာဖွေနေပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ မွတ်စလင်တွေဟာ မွတ်စလင် အများစုရှိရာ မလေးရှားကို လှေနဲ့ ခိုးဝင်နေကြတာ ၂၀၁၇ ခုနှစ် နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ကျွန်းအနောက်ဘက် ကမ်းခြေအနီး လှေကိုစွန့်ခွာပြီး ကမ်းခြေကို ၂၅ ဦး ကူးခတ်ထွက်ပြေးကြရာမှာ တစ်ဦးသာ ကမ်းခြေကို ရောက်ရှိတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်က ပြောပါတယ်။

လှေနှစ်စီးနဲ့ လေယာဉ်တစ်စီးကို ဇူလိုင်လ ၂၆ ရက်နေ့က ရှာဖွေဖို့ စေလွှတ်ခဲ့တယ်လို့ မလေးရှား ရေကြောင်းလုံခြုံရေးအဖွဲ့ ပြည်နယ် ညွှန်ကြားရေးမှူး မွတ် ဇာဝါဝီ အဗ္ဗဒူလာက ပြောပါတယ်။ တခြားကယ်ဆယ်ရေးအဖွဲ့တွေ၊ ဒေသခံ ငါးဖမ်းသမားတွေဆီက ရတဲ့အချက်အလက်ပေါ် မူတည်ပြီး ကူညီရှာဖွေဖို့ ထိုင်းအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်လို့ သူက ပြောပါတယ်။

ကမ်းပေါ်ရောက်လာတဲ့ ဘင်္ဂါလီ မွတ်စလင်တစ်ဦးကိုတော့ စစ်ဆေးမေးမြန်းဖို့ ရဲက ထိန်းသိမ်းထားပါတယ်။

ပြီးခဲ့တဲ့လကလည်း လန်ကာဝီကျွန်းကို ရောက်လာတဲ့ ဘင်္ဂါလီ မွတ်စလင် ၂၆၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သူတို့ကို ပိုကြီးတဲ့ လှေပေါ်ကနေ ပြောင်းတင်ပေးလိုက်တာဖြစ်ပြီး လှေကြီးပေါ်မှာ လေးလကြာ ပင်လယ်ခရီးစဉ်အတွင်း လူအများအပြား သေဆုံးလို့ ပင်လယ်ထဲ ပစ်ချခဲ့တယ်လို့ ထွက်ဆိုကြောင်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။

မလေးရှားက ဒုက္ခသည်တွေကို အသိအမှတ်မပြုဘဲ ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ကလည်း ပြီးခဲ့တဲ့လက မလေးရှားနိုင်ငံဟာ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုကို ရုန်းကန်နေရကြောင်း ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)