မြန်မာကနေ ဘိန်းဖြူခိုးသွင်းတဲ့ သားအဖကို အိန္ဒိယရဲ ဖမ်းဆီး

0
1026

သားအဖနှစ်ဦးကို ဘိန်းဖြူ ၁ ဒသမ ၉ ကီလိုဂရမ်နဲ့အတူ အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်၊ ဟနာသီယယ်ခရိုင်မှာ ဖမ်းမိတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ကာလပေါက်စျေး ဒေါ်လာ ၂၀၇၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေကို မြန်မာနိုင်ငံဘက်က သွင်းလာတာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒူကီမာ (၆၂ နှစ်) နဲ့ သူ့သား ရမ်သန်ပူအီယာ (၃၃ နှစ်) တို့ဟာ ဘိန်းဖြူတွေကို ပစ်ချပြီး မြစ်ကိုဖြတ်ကူးကာ ရဲလက်က ထွက်ပြေးပေမယ့် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။


__________________

__________________

မြန်မာကနေ ဘိန်းဖြူခိုးသွင်းတဲ့ သားအဖကို အိန္ဒိယရဲ ဖမ်းဆီး

သားအဖနှစ်ဦးကို ဘိန်းဖြူ ၁ ဒသမ ၉ ကီလိုဂရမ်နဲ့အတူ အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်၊ ဟနာသီယယ်ခရိုင်မှာ ဖမ်းမိတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ကာလပေါက်ဈေး ဒေါ်လာ ၂၀၇၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေကို မြန်မာနိုင်ငံဘက်က သွင်းလာတာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒူကီမာ (၆၂ နှစ်) နဲ့ သူ့သား ရမ်သန်ပူအီယာ (၃၃ နှစ်) တို့ဟာ ဘိန်းဖြူတွေကို ပစ်ချပြီး မြစ်ကိုဖြတ်ကူးကာ ရဲလက်က ထွက်ပြေးပေမယ့် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အခု ဖမ်းမိတဲ့ ဘိန်းဖြူပမာဏဟာ မီဇိုရမ် ပြည်နယ်ထဲမှာ အများဆုံး ဖမ်းမိမှုဖြစ်တယ်လို့ ယူဆကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)