ဗီယက်နမ်မှာ သုံးလအတွင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူ တစ်ဦး တွေ့

0
1333

ဗီယက်နမ်နိုင်ငံမှာ သုံးလအတွင်း ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုကို ဒါနန်မြို့မှာ ဆေးဘက်ဆိုင်ရာ အရာရှိတွေက စစ်ဆေးတွေ့ရှိရတာကြောင့် ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် တပ်လှန့်မှုကို အမြင့်ဆုံး လုပ်ဆောင်လိုက်ပါတယ်။

တင်းကျပ်တဲ့ quarantine နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေကြောင့် ဗီယက်နမ်နိုင်ငံဟာ ရောဂါဖြစ်ပွားမှုကို ၄၁၅ ဦးသာရှိခဲ့ပြီး ရက် ၁၀၀ အတွင်း ပြည်တွင်းကူးစက်မှု မတွေ့ရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခရီးသွားတွေ အလာများတဲ့ ဒါနန်မြို့မှာ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို သုံးကြိမ် စစ်ဆေးရာ သုံးကြိမ်စလုံး positive ဖြစ်နေတယ်လို့ ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်နေ့က ကြေညာပါတယ်။ သူနဲ့ ထိတွေ့ခဲ့သူ လူ ၅၀ ကိုလည်း သီးခြားခွဲထားပါတယ်။

တခြားဆက်စပ်တဲ့ လူ ၁၀၃ ဦးကိုလည်း ဗိုင်းရပ်စ် စစ်ဆေးခဲ့ပေမယ့် အားလုံးက negative ဖြစ်ပါတယ်။ အဲဒီ အမျိုးသားကို COVID-19 ရောဂါ ဘယ်လို ကူးစက်သလဲဆိုတာကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ရှင်းလင်းစွာ ပြောဆိုခြင်း မရှိဘဲ ဒီအမျိုးသားဟာ ဒါနန်းမြို့ကနေ ဘယ်မှ မသွားတာ တစ်လရှိပြီလို့ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့သုံးလအတွင်း COVID-19 ရောဂါဖြစ်ပွားမှု ၁၅၀ ခန့်ရှိခဲ့ပေမယ့် အားလုံးဟာ ပြည်ပက လာသူတွေဖြစ်ပြီး နိုင်ငံကို ရောက်ရှိပြီးနောက် quarantine ထားသူတွေထဲက ဖြစ်ပါတယ်။


__________________

__________________

ဗီယက်နမ်မှာ သုံးလအတွင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူ တစ်ဦး တွေ့

ဗီယက်နမ်နိုင်ငံမှာ သုံးလအတွင်း ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုကို ဒါနန်မြို့မှာ ဆေးဘက်ဆိုင်ရာ အရာရှိတွေက စစ်ဆေးတွေ့ရှိရတာကြောင့် ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် တပ်လှန့်မှုကို အမြင့်ဆုံး လုပ်ဆောင်လိုက်ပါတယ်။

တင်းကျပ်တဲ့ quarantine နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေကြောင့် ဗီယက်နမ်နိုင်ငံဟာ ရောဂါဖြစ်ပွားမှုကို ၄၁၅ ဦးသာရှိခဲ့ပြီး ရက် ၁၀၀ အတွင်း ပြည်တွင်းကူးစက်မှု မတွေ့ရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခရီးသွားတွေ အလာများတဲ့ ဒါနန်မြို့မှာ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို သုံးကြိမ် စစ်ဆေးရာ သုံးကြိမ်စလုံး positive ဖြစ်နေတယ်လို့ ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်နေ့က ကြေညာပါတယ်။ သူနဲ့ ထိတွေ့ခဲ့သူ လူ ၅၀ ကိုလည်း သီးခြားခွဲထားပါတယ်။

တခြားဆက်စပ်တဲ့ လူ ၁၀၃ ဦးကိုလည်း ဗိုင်းရပ်စ် စစ်ဆေးခဲ့ပေမယ့် အားလုံးက negative ဖြစ်ပါတယ်။ အဲဒီ အမျိုးသားကို COVID-19 ရောဂါ ဘယ်လို ကူးစက်သလဲဆိုတာကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ရှင်းလင်းစွာ ပြောဆိုခြင်း မရှိဘဲ ဒီအမျိုးသားဟာ ဒါနန်းမြို့ကနေ ဘယ်မှ မသွားတာ တစ်လရှိပြီလို့ ပြောပါတယ်။    

ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့သုံးလအတွင်း COVID-19 ရောဂါဖြစ်ပွားမှု ၁၅၀ ခန့်ရှိခဲ့ပေမယ့် အားလုံးဟာ ပြည်ပက လာသူတွေဖြစ်ပြီး နိုင်ငံကို ရောက်ရှိပြီးနောက် quarantine ထားသူတွေထဲက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ဒါနန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ခြောက်ခု ရှိခဲ့ပြီး အမေရိကန် လေယာဉ်တင်သင်္ဘော သီယိုဒို ရုစဗဲ့လ် ဆိပ်ကမ်းကို လာကပ်တဲ့ကာလလည်း ဖြစ်ပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)