အိမ်နီးချင်းနိုင်ငံက လုပ်သားတွေကို ထိုင်း ပြန်ဝင်ခွင့်ပြုမယ်

0
300

ထိုင်း အလုပ်သမားရေးရာ ဝန်ကြီးဌာနက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ပြန်လည် လက်ခံဖို့ သဘောတူလိုက်ပြီး ကျန်းမာရေးအရ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို စိစစ်နေပြီဖြစ်ပါတယ်။

COVID-19 အခြေအနေ ထိန်းချုပ်စီမံရေးဌာန (CCSA) က အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်က ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည်စိစစ်လက်ခံဖို့ အလုပ်သမားရေးရာ ဝန်ကြီးဌာနရဲ့ အဆိုပြုချက်အပေါ် မူတည်ပြီး သဘောတူညီမယ်လို့ ဝန်ကြီးဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး ဆူချတ် ပွန်ချိုင်ဝီဆက်ကူးက ပြောပါတယ်။

CCSA က ပြန်ခေါ်နိုင်တဲ့ ရွှေ့ပြောင်းလုပ်သားအုပ်စုကို နှစ်ခု ခွဲခြားထားပါတယ်။ ပထမအုပ်စုက အလုပ်လုပ်ခွင့် ပါမစ်နဲ့ အလုပ်ဗီဇာ ရှိထားပြီး နိုင်ငံကို ပြန်လည်ဝင်ရောက်လာဖို့ လျှောက်ထားသူ ၆၉၂၃၅ ဦး၊ ဒုတိယအုပ်စုက အလုပ်လုပ်ခွင့် ပါမစ်မရှိ၊ ဗီဇာမရှိပေမယ့် အလုပ်ရှင်က ခေါ်ပေးဖို့ တောင်းဆိုစာ တင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၂၁၆၈ ဦးတို့ ဖြစ်ပါတယ်။

အုပ်စုနှစ်စုလုံးက ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်လက်မှတ်နဲ့ ဆေးထောက်ခံချက်တို့ ပါရှိရမှာ ဖြစ်ပါတယ်။

ပထမအုပ်စုက ဝင်ရောက်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို လူဝင်မှုကြီးကြပ်ရေးက ပြည်ဝင်ခွင့်ပါမစ်နဲ့ ဗီဇာ ထုတ်ပေးမှာဖြစ်ပြီး ရောဂါထိန်းချုပ်ရေးစင်တာမှာ COVID-19 စစ်ဆေးမှုခံယူကာ quarantine ၁၄ ရက် ဝင်ရမှာပါ။

ဒုတိယ အုပစြုအနနေဲ့ ဝငရြောကမြယ့သြူတှကတေော့ လူဝငမြှုကှီးကှပရြေး စဈဆေးရေးဂိတမြှာ ဝငခြှင့စြဈဆေးခံရမှာ ဖှဈပှီး COVID-19 စဈဆေးမှု ခံရမယ့အြပှငြ အခကွြ ခှောကခြကွြ ကနွြးမာရေး စဈဆေးရမှာပါ။ နှဈနှဈစာ ကနွြးမာရေး အာမခံ ဒါမှမဟုတြ သုံးလစာ ကနွြးမာရေး အာမခံ လုပရြမှာဖှဈပှီး ၁၄ ရကြ quanrantine ဝငရြမှာ ဖှဈပါတယြ။

_________________

_________________


ထိုင်း အလုပ်သမားရေးရာ ဝန်ကြီးဌာနက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ပြန်လည် လက်ခံဖို့ သဘောတူလိုက်ပြီး ကျန်းမာရေးအရ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို စိစစ်နေပြီဖြစ်ပါတယ်။

COVID-19 အခြေအနေ ထိန်းချုပ်စီမံရေးဌာန (CCSA) က အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်က ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည်စိစစ်လက်ခံဖို့ အလုပ်သမားရေးရာ ဝန်ကြီးဌာနရဲ့ အဆိုပြုချက်အပေါ် မူတည်ပြီး သဘောတူညီမယ်လို့ ဝန်ကြီးဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး ဆူချတ် ပွန်ချိုင်ဝီဆက်ကူးက ပြောပါတယ်။

CCSA က ပြန်ခေါ်နိုင်တဲ့ ရွှေ့ပြောင်းလုပ်သားအုပ်စုကို နှစ်ခု ခွဲခြားထားပါတယ်။ ပထမအုပ်စုက အလုပ်လုပ်ခွင့် ပါမစ်နဲ့ အလုပ်ဗီဇာ ရှိထားပြီး နိုင်ငံကို ပြန်လည်ဝင်ရောက်လာဖို့ လျှောက်ထားသူ ၆၉၂၃၅ ဦး၊ ဒုတိယအုပ်စုက အလုပ်လုပ်ခွင့် ပါမစ်မရှိ၊ ဗီဇာမရှိပေမယ့် အလုပ်ရှင်က ခေါ်ပေးဖို့ တောင်းဆိုစာ တင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၂၁၆၈ ဦးတို့ ဖြစ်ပါတယ်။

အုပ်စုနှစ်စုလုံးက ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်လက်မှတ်နဲ့ ဆေးထောက်ခံချက်တို့ ပါရှိရမှာ ဖြစ်ပါတယ်။

ပထမအုပ်စုက ဝင်ရောက်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို လူဝင်မှုကြီးကြပ်ရေးက ပြည်ဝင်ခွင့်ပါမစ်နဲ့ ဗီဇာ ထုတ်ပေးမှာဖြစ်ပြီး ရောဂါထိန်းချုပ်ရေးစင်တာမှာ COVID-19 စစ်ဆေးမှုခံယူကာ quarantine ၁၄ ရက် ဝင်ရမှာပါ။ ဒုတိယ အုပ်စုအနေနဲ့ ဝင်ရောက်မယ့်သူတွေကတော့ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်မှာ ဝင်ခွင့်စစ်ဆေးခံရမှာ ဖြစ်ပြီး COVID-19 စစ်ဆေးမှု ခံရမယ့်အပြင် အချက် ခြောက်ချက် ကျန်းမာရေး စစ်ဆေးရမှာပါ။ နှစ်နှစ်စာ ကျန်းမာရေး အာမခံ ဒါမှမဟုတ် သုံးလစာ ကျန်းမာရေး အာမခံ လုပ်ရမှာဖြစ်ပြီး ၁၄ ရက် quanrantine ဝင်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)