ထိုင်းကို ခိုးဝင်တဲ့ မြန်မာ ၁၈ ဦးနဲ့ ထိုင်းလမ်းပြတစ်ဦး အဖမ်းခံရ

0
197

ထိုင်းနိုင်ငံ၊ ဆောင်ခလာဘူရီ ပြည်နယ် နယ်စပ်မှာ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းလမ်းပြတစ်ဦးနဲ့အတူ ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ နယ်စပ်ကိုဖြတ်ပြီး ညနေ ၅ နာရီလောက်မှာ နွန်လူအနီးရှိ ရာဘာစိုက်ခင်းထဲကို ရောက်လာတယ်လို့ ဆောင်ခလာဘူရီ ခရိုင်ရဲအကြီးအကဲ ပါကွန် ကန်ဝါလီက ပြောပါတယ်။

ခိုးဝင်လာသူတွေဟာ သူတို့ကို တိုယိုတာ ဗီဗို ပစ်ကပ်ကားနဲ့ လာစောင့်ကြိုနေတဲ့ ထိုင်းအမျိုးသမီး ကွန်နီပါ အာမွန်ဒီချာကွန် (၄၉ နှစ်) နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ မစ္စ ကွန်နီပါဟာ သူတို့ကို လှေနဲ့ခေါ်ယူပြီး ဝဇီရာလောင်ကွန်း ဆည်အနီး ဘန်လန်ခေါက် ရွာမှာ ဆိုက်ကပ်ခဲ့ကြပါတယ်။ ဒေသန္တရ ကာကွယ်ရေး အရံတပ်သား နှစ်ဦးက ငါးဖမ်းသမား ဟန်ဆောင်ကာ တစ်ဖွဲ့လုံးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မစ္စ ကွန်နီပါကို တရားမဝင် ခိုးသူတွေကို အကူအညီပေးမှု၊ ခရိုင်ရဲ့ COVID-19 ရောဂါ ထိန်းချုပ်ရေး ကြေညာချက်ကို ဖောက်ဖျက်ပြီး ပို့ဆောင်ရေး စီစဉ်ပေးမှုတို့နဲ့ အရေးယူထားပါတယ်။ မြန်မာရွှေ့ပြောင်း ဝင်ရောက်သူတွေကိုတော့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူထားပါတယ်။

မြန်မာရွှေ့ပြောင်း ဝင်ရောက်သူတွေက ထိုင်းနိုင်ငံကို ခိုးဝင်နိုင်ဖို့ တစ်ဦးလျှင် ဘတ် ၇၅၀၀ စီ ပေးရကြောင်း၊ ဘန်ကောက်နဲ့ အနီးတစ်ဝိုက် ပြည်နယ်တွေမှာ အလုပ်အကိုင် ရှာဖွေဖို့ဖြစ်ကြောင်း ပြောကြပါတယ်။

လမြးပှ မဈစ ကှနနြီပါကတော့ သူက တဈဦးလွှငြ လှနေဲ့ပို့ခ ဘတြ ၈၀၀ စီ ရကှောငြး ထှကဆြိုပါတယြ။ ခိုးဝငတြဲ့အဖှဲ့ကို ဖမြးမိဖို့ ကာကှယရြေး အရံတပသြားနှဈဦးဟာ ငါးရကကြှာ ငါးဖမြးသမားအဖှဈ ရုပဖြကွပြှီး စောင့ဆြိုငြးနခေဲ့တယလြို့ ခရိုငရြဲအကှီးအကဲ ပါကှနကြ ပှောပါတယြ။

__________________

__________________


ထိုင်းနိုင်ငံ၊ ဆောင်ခလာဘူရီ ပြည်နယ် နယ်စပ်မှာ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းလမ်းပြတစ်ဦးနဲ့အတူ ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ နယ်စပ်ကိုဖြတ်ပြီး ညနေ ၅ နာရီလောက်မှာ နွန်လူအနီးရှိ ရာဘာစိုက်ခင်းထဲကို ရောက်လာတယ်လို့ ဆောင်ခလာဘူရီ ခရိုင်ရဲအကြီးအကဲ ပါကွန် ကန်ဝါလီက ပြောပါတယ်။

ခိုးဝင်လာသူတွေဟာ သူတို့ကို တိုယိုတာ ဗီဗို ပစ်ကပ်ကားနဲ့ လာစောင့်ကြိုနေတဲ့ ထိုင်းအမျိုးသမီး ကွန်နီပါ အာမွန်ဒီချာကွန် (၄၉ နှစ်) နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ မစ္စ ကွန်နီပါဟာ သူတို့ကို လှေနဲ့ခေါ်ယူပြီး ဝဇီရာလောင်ကွန်း ဆည်အနီး ဘန်လန်ခေါက် ရွာမှာ ဆိုက်ကပ်ခဲ့ကြပါတယ်။ ဒေသန္တရ ကာကွယ်ရေး အရံတပ်သား နှစ်ဦးက ငါးဖမ်းသမား ဟန်ဆောင်ကာ တစ်ဖွဲ့လုံးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မစ္စ ကွန်နီပါကို တရားမဝင် ခိုးသူတွေကို အကူအညီပေးမှု၊ ခရိုင်ရဲ့ COVID-19 ရောဂါ ထိန်းချုပ်ရေး ကြေညာချက်ကို ဖောက်ဖျက်ပြီး ပို့ဆောင်ရေး စီစဉ်ပေးမှုတို့နဲ့ အရေးယူထားပါတယ်။ မြန်မာရွှေ့ပြောင်း ဝင်ရောက်သူတွေကိုတော့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူထားပါတယ်။

မြန်မာရွှေ့ပြောင်း ဝင်ရောက်သူတွေက ထိုင်းနိုင်ငံကို ခိုးဝင်နိုင်ဖို့ တစ်ဦးလျှင် ဘတ် ၇၅၀၀ စီ ပေးရကြောင်း၊ ဘန်ကောက်နဲ့ အနီးတစ်ဝိုက် ပြည်နယ်တွေမှာ အလုပ်အကိုင် ရှာဖွေဖို့ဖြစ်ကြောင်း ပြောကြပါတယ်။

လမ်းပြ မစ္စ ကွန်နီပါကတော့ သူက တစ်ဦးလျှင် လှေနဲ့ပို့ခ ဘတ် ၈၀၀ စီ ရကြောင်း ထွက်ဆိုပါတယ်။ ခိုးဝင်တဲ့အဖွဲ့ကို ဖမ်းမိဖို့ ကာကွယ်ရေး အရံတပ်သားနှစ်ဦးဟာ ငါးရက်ကြာ ငါးဖမ်းသမားအဖြစ် ရုပ်ဖျက်ပြီး စောင့်ဆိုင်းနေခဲ့တယ်လို့ ခရိုင်ရဲအကြီးအကဲ ပါကွန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)