သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ COVID-19 အရေး ဆက်သွယ် ဆွေးနွေး

0
255

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်မှာ စကားပြောကြေးနန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ပြောကြားရာမှာ တရုတ်နိုင်ငံက COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ အောင်မြင်မှု၊ မြန်မာနဲ့ တရုတ်တို့ကြား COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကြိုးပမ်းရာမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းနဲ့ ကူညီပံ့ပိုးမှုတွေ ဆက်လက်တိုးမြှင့် ပေးအပ်ရေးတွေကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် အထိမ်းအမှတ် အခမ်းအနားကို COVID-19 အခြေအနေ တည်ငြိမ်လာတဲ့အခါ ကျင်းပရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ COVID-19 ထိန်းချုပ်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ စာမျက်နှာမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံႍအောက်က စီမံကိန်းတွေ ဆက်လက် အကောင်အထည် ဖော်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

________________

________________

သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ COVID-19 အရေး ဆက်သွယ် ဆွေးနွေး

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်မှာ စကားပြောကြေးနန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ပြောကြားရာမှာ တရုတ်နိုင်ငံက COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ အောင်မြင်မှု၊ မြန်မာနဲ့ တရုတ်တို့ကြား COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကြိုးပမ်းရာမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းနဲ့ ကူညီပံ့ပိုးမှုတွေ ဆက်လက်တိုးမြှင့် ပေးအပ်ရေးတွေကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် အထိမ်းအမှတ် အခမ်းအနားကို COVID-19 အခြေအနေ တည်ငြိမ်လာတဲ့အခါ ကျင်းပရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ COVID-19 ထိန်းချုပ်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ စာမျက်နှာမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေး စြင်္ကံႍအောက်က စီမံကိန်းတွေ ဆက်လက် အကောင်အထည် ဖော်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)