မြန်မာနဲ့ လာအိုကို လာမယ့် နိုင်ဂျီးရီးယား သုံးဦး သုဝဏ္ဏဘူမိ လေဆိပ်မှာ နှစ်လကြာ သောင်တင်နေ

0
387

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသားကြီး တွမ်ဟင့်ခ် ပါဝင်သရုပ်ဆောင်တဲ့ The Terminal ဇာတ်ကားဟာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ခရီးသွားရင်း လေဆိပ်ထဲမှာ သောင်တင်နေတဲ့ လူတစ်ဦးအကြောင်း ရိုက်ကူးထားတာပါ။

အခု နိုင်ဂျီးရီးယား နိုင်ငံသား သုံးဦးလည်း အဲဒီ The Terminal ရုပ်ရှင်ထဲကလို COVID-19 ကြောင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ သောင်တင်နေကြတာ နှစ်လ ကြာပြီ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနဲ့ လာအိုကို အသီးသီး သွားရောက်ဖို့ဖြစ်ပြီး သွားမယ့် နိုင်ငံတွေက လေဆိပ်တွေ ပိတ်ထားသလို ထိုင်းဗီဇာ မရှိတဲ့အတွက် သူတို့ဟာ ထိုင်းနိုင်ငံထဲကိုလည်း ဝင်ခွင့်မရကြပါဘူး။

နိုင်ဂျီးရီးယား နှစ်ဦးဟာ မတ်လ ၂၁ ရက်နေ့မှာ သုဝဏ္ဏဘူမိလေဆိပ်ကို Emirates လေကြောင်းလိုင်းနဲ့ ရောက်လာပြီး လာအို လေကြောင်းလိုင်းနဲ့ လာအိုကို ဆက်သွားဖို့ ဖြစ်ကြောင်း၊ နောက်ထပ် နိုင်ဂျီးရီးယား တစ်ဦးကတော့ မတ်လ ၂၄ ရက်နေ့မှာ Etihad လေကြောင်းလိုင်းနဲ့ ရောက်လာပြီး ဘန်ကောက် လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ဆက်သွားဖို့ ဖြစ်ကြောင်း သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် အထူးရေးရာနှင့် လူမှုဆက်ဆံရေးဌာနက ပြောပါတယ်။

သူတို့ သုဝဏ္ဏဘူမိလေဆိပ် ရောက်တဲ့ နေ့တွေမှာပဲ မြန်မာနဲ့ လာအိုတို့က ခရီးသည်တင် လေယာဉ် အဝင်ပိတ်လိုက်ကြတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားကို ပြန်ဖို့ကလည်း လေယာဉ်ခရီးစဉ်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းပြီး ဖြစ်နေပါတယ်။

ဒါ့အပြင် သူတို့ဟာ ထိုင်းဗီဇာလည်း လျှောက်မထားတဲ့အတွက် ထိုင်း လူဝင်မှုကြီးကြပ်ရေးကလည်း လေဆိပ်ထဲကနေ ထွက်ခွင့် မပေးပါဘူး။ ထိုင်းလူဝင်မှု ကြီးကြပ်ရေးကတော့ နိုင်ဂျီးရီးယား သံရုံးနဲ့ ပူးပေါင်းပြီး သူတို့ကို ကူညီနေပါတယ်။

သူတို့ သုံးဦးကို လေဆိပ်က အစားအစာ၊ သောက်ရေနဲ့ တခြား အခြေခံ လိုအပ်တာတွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ဆေးစစ်မှုတွေလည်း လုပ်ကြည့်ပြီးနောက် သူတို့မှာ COVID-19 ရောဂါ လက္ခဏာတွေလည်း မတွေ့ရှိရပါဘူး။

_______________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)