နိုင်ငံကူးလက်မှတ်အတုနဲ့ ခရီးသွားနေတဲ့ မြန်မာ ၁၀ ဦးကို ထိုင်းမှာ ဖမ်းမိ

0
128

နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ပြီး မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံကိုဖြတ်ကာ ခရီးသွားတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ချုံဖွန်ခရိုင်မှာ ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။

လာမယ် ဒိစတြိတ်၊ သွန်စဝမ် လုံခြုံရေးဂိတ်မှာ အတုလို့ ယူဆရတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ချုံဖွန် ရဲအကြီးအကဲ ရဲဗိုလ်မှူးချုပ် ဝီမွန် ဖီတက်ဘူရာဖာက ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံသား ၁၀ ဦးကို တင်ဆောင်လာတဲ့ ထိုင်းကားသမား ဆောင်ခရန် ဆီဖာနွမ် (၃၁ နှစ်) ကိုလည်း ဖမ်းဆီးထားပါတယ်။

သတင်းအရ ဇူလိုင်လ ၁၆ ရက်နေ့ညက ကားကို တားဆီးစစ်ဆေးရာမှာ အသက် ၂၂ နှစ်နဲ့ ၃၀ နှစ်ကြားရှိ မြန်မာအမျိုးသား ၁၀ ဦးကို တွေ့ရပြီး မလေးရှားကနေ မြန်မာနိုင်ငံကို သွားမယ်လို့ ဖော်ပြထားတဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပါတယ်။ ထိုင်းကားသမားကတော့ သူ့ကို နိုင်ငံခြားသား အလုပ်သမား အေဂျင်စီလို့ ကားအငှားလိုက်လာတာဖြစ်ကြောင်း၊ ဘန်ကောက်ရှိ ကားဂိတ်ကို ပို့ပေးဖို့ ဖြစ်ကြောင်းနဲ့ မြန်မာတစ်ဦးလျှင် ပို့ခ ဘတ်ငွေ ၃၅၀၀ ရရှိကြောင်း ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာတွေဟာ COVID-19 ကပ်ရောဂါ မဖြစ်ခင်အထိ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတာ ဖြစ်ပြီး အခုအခါ အလုပ်လည်းပြုတ်၊ ရောဂါလည်း ကူးစက်မှာ စိုးတဲ့အတွက် ရောဂါ စိုးရိမ်ရမှုနည်းတဲ့ ထိုင်းဘက်ကို ထွက်လာကြတာလို့ ရဲဗိုလ်မှူးချုပ် ဝီမွန်က ပြောပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ အေဂျင်စီက နိုင်ငံကူးလက်မှတ် လုပ်ပေးခဲ့တာဖြစ်ပြီး အတုဖြစ်မှန်း မသိဘူး ပြောကြောင်းလည်း သူက ပြောပါတယ်။


____________________

____________________

နိုင်ငံကူးလက်မှတ်အတုနဲ့ ခရီးသွားနေတဲ့ မြန်မာ ၁၀ ဦးကို ထိုင်းမှာ ဖမ်းမိ

နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ပြီး မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံကိုဖြတ်ကာ ခရီးသွားတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ချုံဖွန်ခရိုင်မှာ ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။

လာမယ် ဒိစတြိတ်၊ သွန်စဝမ် လုံခြုံရေးဂိတ်မှာ အတုလို့ ယူဆရတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ချုံဖွန် ရဲအကြီးအကဲ ရဲဗိုလ်မှူးချုပ် ဝီမွန် ဖီတက်ဘူရာဖာက ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံသား ၁၀ ဦးကို တင်ဆောင်လာတဲ့ ထိုင်းကားသမား ဆောင်ခရန် ဆီဖာနွမ် (၃၁ နှစ်) ကိုလည်း ဖမ်းဆီးထားပါတယ်။

သတင်းအရ ဇူလိုင်လ ၁၆ ရက်နေ့ညက ကားကို တားဆီးစစ်ဆေးရာမှာ အသက် ၂၂ နှစ်နဲ့ ၃၀ နှစ်ကြားရှိ မြန်မာအမျိုးသား ၁၀ ဦးကို တွေ့ရပြီး မလေးရှားကနေ မြန်မာနိုင်ငံကို သွားမယ်လို့ ဖော်ပြထားတဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပါတယ်။ ထိုင်းကားသမားကတော့ သူ့ကို နိုင်ငံခြားသား အလုပ်သမား အေဂျင်စီလို့ ကားအငှားလိုက်လာတာဖြစ်ကြောင်း၊ ဘန်ကောက်ရှိ ကားဂိတ်ကို ပို့ပေးဖို့ ဖြစ်ကြောင်းနဲ့ မြန်မာတစ်ဦးလျှင် ပို့ခ ဘတ်ငွေ ၃၅၀၀ ရရှိကြောင်း ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာတွေဟာ COVID-19 ကပ်ရောဂါ မဖြစ်ခင်အထိ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတာ ဖြစ်ပြီး အခုအခါ အလုပ်လည်းပြုတ်၊ ရောဂါလည်း ကူးစက်မှာ စိုးတဲ့အတွက် ရောဂါ စိုးရိမ်ရမှုနည်းတဲ့ ထိုင်းဘက်ကို ထွက်လာကြတာလို့ ရဲဗိုလ်မှူးချုပ် ဝီမွန်က ပြောပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ အေဂျင်စီက နိုင်ငံကူးလက်မှတ် လုပ်ပေးခဲ့တာဖြစ်ပြီး အတုဖြစ်မှန်း မသိဘူး ပြောကြောင်းလည်း သူက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းကားသမားကို COVID-19 ရောဂါ စမ်းသပ်စစ်ဆေးထားပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုအတွက် အရေးယူရေး တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)