ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား သုံးဦးနဲ့ လူမှောင်ခိုပွဲစားကို ထိုင်းမှာ သီးခြားစီ ဖမ်းမိ

0
126

ထိုင်းနိုင်ငံကို ချင်းရိုင်ကနေ တဆင့် ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား သုံးဦးကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းမိခဲ့ပြီး ဆာကဲအို ပြည်နယ်မှာလည်း ထိုင်းနိုင်ငံသား လူပွဲစားတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၄ နှစ်၊ ၃၀ နှစ်နဲ့ ၂၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသား သုံးဦးဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က လာတာဖြစ်ပြီး နယ်စပ်ကိုဖြတ်ကာ ဘန်ကောက်ကို ဘတ်စ်ကားနဲ့သွားဖို့ ကြိုးစားခဲ့ကြတာလို့ ထွက်ဆိုပါတယ်။ သူတို့ဟာ မြန်မာလူပွဲစားတစ်ဦးကို တစ်ဦးလျှင် ဘတ်ငွေ ၅ ထောင်စီ ပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံသားတွေကို ဆက်လက် အရေးယူနိုင်ဖို့ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးကို ပို့ဆောင်ထားပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာပဲ ဆာကဲအို ပြည်နယ်မှာ ပက်ချာရတ် ဂျေပက်ပိုအီပက် ဆိုသူ လူမှောင်ခိုပွဲစား ထိုင်းအမျိုးသမီး တစ်ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီအမျိုးသမီးက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း လုပ်သားတွေကို ဘတ်ငွေ ၄ ထောင်ကနေ ၅ ထောင်ကြားပေးရင် ထိုင်းနိုင်ငံကို ခေါ်ယူပေးနိုင်ကြောင်း၊ ၁၄ ရက်ကြာ quarantine ဝင်ဖို့ မလိုကြောင်း Facebook လူမှုမီဒီယာမှာ တင်ခဲ့တာပါ။

ဒီလူပှဲစား အမွိုးသမီးကို ဖမြးမိဖို့ ရဲတှကေ ဖမြးမိဖို့ လေးရကကြှာ ခှရောခံခဲ့ကှရပါတယြ။ ဘာကှောင့လြဲဆိုတော့ လူမှုမီဒီယာမှာ ပှထားတဲ့ သူ့ရဲ့ တညနြရောက တလှဲဖှဈနလေို့ပါ။

_________________

___________


ထိုင်းနိုင်ငံကို ချင်းရိုင်ကနေ တဆင့် ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား သုံးဦးကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းမိခဲ့ပြီး ဆာကဲအို ပြည်နယ်မှာလည်း ထိုင်းနိုင်ငံသား လူပွဲစားတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၄ နှစ်၊ ၃၀ နှစ်နဲ့ ၂၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသား သုံးဦးဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က လာတာဖြစ်ပြီး နယ်စပ်ကိုဖြတ်ကာ ဘန်ကောက်ကို ဘတ်စ်ကားနဲ့သွားဖို့ ကြိုးစားခဲ့ကြတာလို့ ထွက်ဆိုပါတယ်။ သူတို့ဟာ မြန်မာလူပွဲစားတစ်ဦးကို တစ်ဦးလျှင် ဘတ်ငွေ ၅ ထောင်စီ ပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံသားတွေကို ဆက်လက် အရေးယူနိုင်ဖို့ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးကို ပို့ဆောင်ထားပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာပဲ ဆာကဲအို ပြည်နယ်မှာ ပက်ချာရတ် ဂျေပက်ပိုအီပက် ဆိုသူ လူမှောင်ခိုပွဲစား ထိုင်းအမျိုးသမီး တစ်ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီအမျိုးသမီးက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း လုပ်သားတွေကို ဘတ်ငွေ ၄ ထောင်ကနေ ၅ ထောင်ကြားပေးရင် ထိုင်းနိုင်ငံကို ခေါ်ယူပေးနိုင်ကြောင်း၊ ၁၄ ရက်ကြာ quarantine ဝင်ဖို့ မလိုကြောင်း Facebook လူမှုမီဒီယာမှာ တင်ခဲ့တာပါ။

ဒီလူပွဲစား အမျိုးသမီးကို ဖမ်းမိဖို့ ရဲတွေက ဖမ်းမိဖို့ လေးရက်ကြာ ခြေရာခံခဲ့ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုမီဒီယာမှာ ပြထားတဲ့ သူ့ရဲ့ တည်နေရာက တလွဲဖြစ်နေလို့ပါ။    

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)