ဘင်္ဂါလီတွေကို လူကုန်ကူးလာတဲ့သူတွေက ငွေပေးဖို့ တောင်းဆိုနေ

0
746

ပင်လယ်ထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ ရာနဲ့ချီတဲ့ ဘင်္ဂါလီ မွတ်စလင်တွေကို လူကုန်ကူးလာတဲ့သူတွေက မလေးရှားနိုင်ငံကို ကမ်းကပ်စေချင်ရင် ပိုက်ဆံပေးရမယ်လို့ တောင်းဆိုနေကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ လှေစီးပြီး ပြေးစဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတွေက ကမ်းကပ် မခံတာကြောင့် ပင်လယ်ထဲမှာ လနဲ့ချီ တဝဲလည်လည် ဖြစ်နေတာပါ။

ပင်လယ်ထဲမှာ ဖေဖော်ဝါရီလကတည်းက ရှိနေတာဖြစ်ပြီး ကမ်းကပ်စေချင်ရင် လူကုန်ကူးသူတွေက ပိုက်ဆံပေးရမယ်လို့ တောင်းဆိုနေကြောင်း လှေပေါ်မှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ ဆွေမျိုးသုံးဦးက Reuters သတင်းဌာနကို ပြောပါတယ်။

မလေးရှားကို ကမ်းကပ်မှ ပိုက်ဆံပေးဖို့ သဘောတူထားပေမယ့် အခု ကမ်းကပ်မရပေမယ့် ပိုက်ဆံတောင်းနေတယ်လို့ မိုဟာမက် အာယက်စ်က ပြောပါတယ်။ သူ့ရဲ့ အသက် ၁၆ နှစ်အရွယ် ယောက်ဖဖြစ်သူဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူ ဖြစ်ပါတယ်။

မူရှာရဲ့ ညီမ နှစ်ဦး ဖြစ်သူဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ထွက်ပြေူသူဖြစ်ပါတယ်။ အခု လူကုန်ကူးသူတွေက မလေးရှား ရင်းဂစ် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၂၈၀၀) ပေးဖို့ တောင်းဆိုနေတယ်ကြောင်းနဲ့ မလေးရှားရှိ မိုဘိုင်း ဘဏ်အကောင့်ကို လွှဲပေးဖို့ ပြောနေကြောင်း မူရှာက ပြောပါတယ်။ တောင်းသမျှ ပိုက်ဆံကို ပေးလိုက်ပေမယ့် မိန်းကလေးနှစ်ဦးရဲ့ အခြေအနေကို မသိကြောင်းလည်း သူက ပြောပါတယ်။


___________________

___________________

ဘင်္ဂါလီတွေကို လူကုန်ကူးလာတဲ့သူတွေက ငွေပေးဖို့ တောင်းဆိုနေ

ပင်လယ်ထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ ရာနဲ့ချီတဲ့ ဘင်္ဂါလီ မွတ်စလင်တွေကို လူကုန်ကူးလာတဲ့သူတွေက မလေးရှားနိုင်ငံကို ကမ်းကပ်စေချင်ရင် ပိုက်ဆံပေးရမယ်လို့ တောင်းဆိုနေကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ လှေစီးပြီး ပြေးစဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတွေက ကမ်းကပ် မခံတာကြောင့် ပင်လယ်ထဲမှာ လနဲ့ချီ တဝဲလည်လည် ဖြစ်နေတာပါ။ 

ပင်လယ်ထဲမှာ ဖေဖော်ဝါရီလကတည်းက ရှိနေတာဖြစ်ပြီး ကမ်းကပ်စေချင်ရင် လူကုန်ကူးသူတွေက ပိုက်ဆံပေးရမယ်လို့ တောင်းဆိုနေကြောင်း လှေပေါ်မှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ ဆွေမျိုးသုံးဦးက Reuters သတင်းဌာနကို ပြောပါတယ်။   

မလေးရှားကို ကမ်းကပ်မှ ပိုက်ဆံပေးဖို့ သဘောတူထားပေမယ့် အခု ကမ်းကပ်မရပေမယ့် ပိုက်ဆံတောင်းနေတယ်လို့ မိုဟာမက် အာယက်စ်က ပြောပါတယ်။ သူ့ရဲ့ အသက် ၁၆ နှစ်အရွယ် ယောက်ဖဖြစ်သူဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူ ဖြစ်ပါတယ်။

မူရှာရဲ့ ညီမ နှစ်ဦး ဖြစ်သူဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ထွက်ပြေူသူဖြစ်ပါတယ်။ အခု လူကုန်ကူးသူတွေက မလေးရှား ရင်းဂစ် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၂၈၀၀) ပေးဖို့ တောင်းဆိုနေတယ်ကြောင်းနဲ့ မလေးရှားရှိ မိုဘိုင်း ဘဏ်အကောင့်ကို လွှဲပေးဖို့ ပြောနေကြောင်း မူရှာက ပြောပါတယ်။ တောင်းသမျှ ပိုက်ဆံကို ပေးလိုက်ပေမယ့် မိန်းကလေးနှစ်ဦးရဲ့ အခြေအနေကို မသိကြောင်းလည်း သူက ပြောပါတယ်။ 

ဘင်္ဂါလီ မွတ်စလင်တွေဟာ ပင်လယ်မှာ လှိုင်းလေငြိမ်သက်တဲ့ နိုဝင်ဘာလနဲ့ ဧပြီလကြားမှာ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကို ရောက်ရှိဖို့ ကြိုးစားလေ့ ရှိကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)