ဘင်္ဂလား ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ရေး ကုလ ပိုမိုဆောင်ရွက်

0
383


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်က ကော့ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ (Covid-19) ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ အရေးပေါ် တုံ့ပြန်မှုတွေအတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပိုမိုဆောင်ရွက်လာကြပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု (၂) ခုအတည်ပြုပြီးနောက်ပိုင်း လသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့  ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မေလ (၁၆) ရက်နေ့မှာ ပြောကြားခဲ့တာပါ။

A health officer is walking wearing a hazmat suit at the Kutupalong Rohingya refugee camp in Cox’s Bazaar, Bangladesh. AP

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)  က ကော့ဘဇားမှာ ကုတင် ၂၁၀ ပါတဲ့ အထူးကုသရေးဌာနကို ပြင်ဆင်နေတဲ့အပြင် အကာအကွယ်ဝတ်စုံနဲ့ ပစ္စည်းကိရိယာတွေနဲ့ ရေနဲ့ ဆပ်ပြာတွေကိုလည်း ထောက်ပံ့မှုတွေ ပေးအပ်နေတယ်လို့ ဆိုပါတယ်။  

ဒါအပြင် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအစီအစဉ် WFP က အထိခိုက်လွယ်ဆုံးမိသားစုတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ ဖြန့်ဖြူးနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကိုလည်း တောင်းဆိုထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ဒုက္ခသည်စခန်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ ဝေးကွာမှု (Physical Distancing) ဆောင်ရွက်ဖို့အပါအဝင် ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အသံချဲ့စက်တွေ သုံးပြုပြီး ဖြန့်ဝေပေးမှုတွေကိုလည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ (Covid-19) ကူးစက်မှုပေါင်း (၂) သောင်းကျော်နဲ့ သေဆုံးသူ ၃၀၀ နီးပါး ရှိနေပြီး မြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်မှုပေါင်း ၁၈၂ ခုကို အတည်ပြုနိုင်ထားပြီး ဒီထဲက သေဆုံးသူ (၆) ဦး ရှိနေတာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)