ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပထမဆုံးတွေ့

0
311

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေ ၁ သန်းလောက်ရှိနေတဲ့ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံး တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာမီဒီယာတွေက ရိုဟင်ဂျာလို့ခေါ်တဲ့ ဘင်္ဂါလီ ဒုက္ခသည်စခန်းထဲက တစ်ဦးနဲ့ ကောက်ဘဇား ဒေသခံတစ်ဦးတို့ COVID-19 ရောဂါ ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သီးခြားခွဲထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မင်းကြီး မာဘတ် အလမ် တာလွတ်ဒါက မေလ ၁၄ ရက်နေ့မှာ ပြောပါတယ်။

အဖွဲ့တွေက လူနာတွေကို ကုသပေးတာ၊ လူနာထိတွေခဲ့သူတွေကို ခြေရာခံပြီး quarantine ဝင်ခိုင်းကာ ဆေးစစ်တာတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောခွင့်ရအမျိုးသမီး လူးဝစ် ဒိုနိုဗန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ အတည်ပြုလူနာ ၁၈၈၆၃ ဦးရှိပြီး ၂၈၃ ဦးက စိုးရိမ်ရပါတယ်။ သေဆုံးသူကတော့ ၂၈၃ ဦး ရှိပါတယ်။ လူဦးရေ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ဟာ စိန်ခေါ်မှုဖြစ်နေတဲ့အတွက် တကယ့် ကူးစက်မှုဟာ အဲဒီထက် မြင့်မယ်လို့ ယူဆကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပေမယ့် ဧပြီလနောက်ပိုင်းကတည်းက ဘင်္ဂါလီ ဒုက္ခသည် ၁၈၀ ကိုသာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးနိုင်သေးတယ်လို့ ဒိုနိုဗန်က ပြောပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ကြပ်ညပ်ထူထပ်နေပြီး ဒုက္ခသည်စခန်း ၃၄ ခုမှာ လူဦးရေ သိပ်သည်းမှုဟာ ဘင်္ဂလားဒေ့ရှ် လူဦးရေသိပ်သည်းမှုရဲ့ အဆ ၄၀ ရှိနေပါတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)