မြန်မာဘက်က တရားမဝင်ခိုးဝင်တဲ့ တရုတ် (၁၆) ဦးကို ထိုင်းရဲ ဖမ်းဆီး

0
391

မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို ကိုးကားပြီး The Nation သတင်းစာက ဖော်ပြလာပါတယ်။

သောင်ရင်းမြစ်ခေါ် (Moei) မြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာတဲ့ အဲ့ဒီလူစုကို ဇူလိုင် ၁၂ ရက် တနင်္ဂနွေ၊ မနက် ၆ နာရီခွဲအချိန်လောက်က ဖမ်းဆီးခဲ့တာပါ။

စစ်ဆေးမှုတွေအရ သူတို့ထဲက အချို့ဟာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာသက်တမ်းကုန် နေသူတွေပါဝင်နေသလို တချို့ကတော့ ဗီဇာ မရရှိသေးသူတွေလည်း ပါဝင်နေတဲ့အပြင် အဲ့ဒီထဲက အချို့ရဲ့ ခရီးသွား ရာဇဝင်တွေထဲမှာတော့ မ္ဘောဒီးယား၊  ဗီယက်နမ်နဲ့  မြန်မာနိုင်ငံတို့ကနေ ပြည်ဝင်ခွင့်ဗီဇာ ရရှိဖူးသူတွေ ပါဝင်နေတာပါ။ 

ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ဟာ မြန်မာနိုင်ငံဘက်ခြမ်းရှိ ကာစီနိုလောင်းကစားရုံတွေက ၀န်ထမ်းတွေ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူထားပါတယ်။ 

သောင်ရင်းမြစ်ခေါ် (Moei) မြစ်ဟာ ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်လိုသူတွေအတွက် အဓိက အသုံးပြုတဲ့ ဘုံလမ်းကြောင်းတစ်ခု ဖြစ်နေပြီး မော်တော်ဘုတ်တွေကို အသုံးပြုပြီး မြစ်ကိုဖြတ်ကူးလေ့ ရှိနေကြတာပါ။
အဲ့ဒီလို ဖြတ်ကူးရာမှာ မော်တော်ဘုတ်တွေရဲ့  ဆူညံတဲ့ သံတွေကြောင့် တရားမဝင် နယ်စပ်ဖြတ် ကျော် ဝင်ရောက်သူတွေကို ဖမ်းဆီးရမိနေတာဖြစ်တယ်လို့ The Nation သတင်းစာက ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)