မလေးရှားမှာ မူးယစ်ဆေး ရောင်းဝယ်တဲ့အဖွဲ့ ဖမ်းမိ၊ မြန်မာနိုင်ငံသား လေးဦးပါ

0
680

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ အဖွဲ့နှစ်ဖွဲ့ကို ရဲက ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါး မလေးရှား ရင်းဂစ် ၁ ဒသမ ၂၈ သန်းဖိုး (အမေရိကန် ဒေါ်လာ ၃ သိန်းနီးပါးဖိုး) နဲ့အတူ လူငါးဦး ဖမ်းမိပြီး လေးဦးက မြန်မာနိုင်ငံသား ဖြစ်ပါတယ်။

သီတင်း နှစ်ပတ်ကြာ စောင့်ကြည့်ပြီးနောက် ဂျလန် ပေရိုင်တလျှောက် ကားမောင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ရဲက မူးယစ် ဆေးဝါးတွေနဲ့ ဖမ်းမိကြောင်း၊ အဲဒီနောက် မာတာဂျမ်ရှိ အိမ်တစ်အိမ်ကို စီးနင်းရှာဖွေရာ နောက်ထပ် မြန်မာ အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ပီရန် ရဲအကြီးအကဲ ဆာဟာဘူဒင်က ပြောပါတယ်။

ကွင်းဆက်အရ ဘာယန် ဘာရူရှိ ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းရာ ခေါင်းဆောင်လို့ ယူဆရသူ အသက် ၄၅ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း၊ ဟီရိုအင်း ၂၉၈၀ ဂရမ်၊ မက်သာဖက်တမင်း ၈၄၉ ဂရမ်၊ WY စိတ်ကြွဆေးပြား ၁၄၀၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပီနန် ရဲအကြီးအကဲက ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအဖွဲ့ဟာ ဒီနှစ် အစောပိုင်းကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်နေခဲ့ပြီး နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ပါမစ်တွေလည်း သက်တမ်း ကုန်နေပါတယ်။ မြန်မာအမျိုးသား သုံးဦးက အသက် ၂၄ နှစ်နဲ့ ၄၀ နှစ်ကြားရှိပြီး လျှပ်စစ် ဝိုင်ယာကြိုးစက်ရုံမှာ အလုပ်လုပ်ပါတယ်။ အမျိုးသမီးကတော့ နိုင်ငံတကာ မူးယစ်ဂိုဏ်းတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ မလေးရှားရဲက ယူဆပါတယ်။


_____________________

_____________________

မလေးရှားမှာ မူးယစ်ဆေး ရောင်းဝယ်တဲ့အဖွဲ့ ဖမ်းမိ၊ မြန်မာနိုင်ငံသား လေးဦးပါ

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ အဖွဲ့နှစ်ဖွဲ့ကို ရဲက ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါး မလေးရှား ရင်းဂစ် ၁ ဒသမ ၂၈ သန်းဖိုး (အမေရိကန် ဒေါ်လာ ၃ သိန်းနီးပါးဖိုး) နဲ့အတူ လူငါးဦး ဖမ်းမိပြီး လေးဦးက မြန်မာနိုင်ငံသား ဖြစ်ပါတယ်။

သီတင်း နှစ်ပတ်ကြာ စောင့်ကြည့်ပြီးနောက် ဂျလန် ပေရိုင်တလျှောက် ကားမောင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ရဲက မူးယစ် ဆေးဝါးတွေနဲ့ ဖမ်းမိကြောင်း၊ အဲဒီနောက် မာတာဂျမ်ရှိ အိမ်တစ်အိမ်ကို စီးနင်းရှာဖွေရာ နောက်ထပ် မြန်မာ အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ပီရန် ရဲအကြီးအကဲ ဆာဟာဘူဒင်က ပြောပါတယ်။

ကွင်းဆက်အရ ဘာယန် ဘာရူရှိ ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းရာ ခေါင်းဆောင်လို့ ယူဆရသူ အသက် ၄၅ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း၊ ဟီရိုအင်း ၂၉၈၀ ဂရမ်၊ မက်သာဖက်တမင်း ၈၄၉ ဂရမ်၊ WY စိတ်ကြွဆေးပြား ၁၄၀၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပီနန် ရဲအကြီးအကဲက ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအဖွဲ့ဟာ ဒီနှစ် အစောပိုင်းကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်နေခဲ့ပြီး နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ပါမစ်တွေလည်း သက်တမ်း ကုန်နေပါတယ်။ မြန်မာအမျိုးသား သုံးဦးက အသက် ၂၄ နှစ်နဲ့ ၄၀ နှစ်ကြားရှိပြီး လျှပ်စစ် ဝိုင်ယာကြိုးစက်ရုံမှာ အလုပ်လုပ်ပါတယ်။ အမျိုးသမီးကတော့ နိုင်ငံတကာ မူးယစ်ဂိုဏ်းတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ မလေးရှားရဲက ယူဆပါတယ်။

ဆက်လက်ပြီး နောက်ထပ် စီးနင်း ရှာဖွေမှု တစ်ခုမှာတော့ အသက် ၂၉ နှစ်အရွယ် မလေးရှားနိုင်ငံသားကို မက်သာဖက်တမင်း ဆေးပြား ၄၅၃၃ ဂရမ်၊ အက်တက်စီ ဆေးပြား ၂၀၊ အီရာမင်း ၄ ပြား (တန်ဖိုး ရင်းဂစ် ၄၆၅၅၀၀ ဖိုး) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိသူ ငါးဦးကို စစ်ဆေးမေးမြန်းဖို့ ရမန် တစ်ပတ် ယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)