ဖားကန့်ဒေသ မြေပြိုမှုအတွင်း လူပေါင်းများစွာ သေဆုံးခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း အာဆီယံနိုင်ငံတွေ ထုတ်ပြန်

0
686

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်းတွင်း မြေပြိုမှုအတွင်း လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထပ်တူစာနာ ဝမ်းနည်းကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင် ၄ ရက်က ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အလားတူ ပြီးခဲ့ရက်ပိုင်းတွေကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဘရူနိုင်းဘုရင်တို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာတွေကို နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီ အသီးသီး ပေးပို့မှုတွေလည်း ရှိခဲ့တာပါ။

အဲ့ဒီမြေပြိုမှုကြောင့် သေဆုံးခဲ့ရတဲ့ ရေမဆေးကျောက် ရှာဖွေသူ ၁၇၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပါတယ်။

လက်ရှိအခြေအနေမှာတော့ အစိုးရက မြေပြိုမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားသလို အဲ့ဒီကော်မတီအဖွဲ့ဝင်တွေက မနေ့က အခင်းဖြစ်ပွားရာ ဖားကန့်ဒေသမှာ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)