ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ COVID-19 အရေး ဖုန်းဆက် ဆွေးနွေး

0
403

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြရာ မိုဒီတို့ ဧပြီလ ၃၀ ရက်နေ့က ဖုန်းဆက်ပြီး COVID-19 ရောဂါ အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကာ အန္တရာယ်များပြီး ကူးစက်မြန်တဲ့ ရောဂါရဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်း တုံ့ပြန်ဖို့ကိုလည်း သဘောတူခဲ့ကြတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းကောင်း ဆွေးနွေးခဲ့ကြောင်း၊ COVID-19 ရောဂါနဲ့ ပတ်သက်လို့ ဖြစ်လာနိုင်ခြေကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အိန္ဒိယရဲ့ အိမ်နီးချင်း ဦးစားရေးမူဝါဒအပေါ် မူတည်ပြီး အတူရင်ဆိုင်ကြဖို့ သဘောတူခဲ့တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက Twitter လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ပြည်တွင်းနဲ့ ဒေသတွင်းက COVID-19 ရောဂါ အခြေအနေ၊ ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်မှု နောက်ဆုံး အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယရဲ့ အိမ်နီးချင်း ဦးစားပေး မူဝါဒအရ မြန်မာနိုင်ငံဟာ အရေးပါတဲ့ နိုင်ငံဖြစ်ပြီး COVID-19 ရောဂါကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုနဲ့ ကျန်းမာရေးဆိုင်ရာ ကုသရေးတွေအတွက် တတ်နိုင်သမျှ ထောက်ပံ့ပေးဖို့ အသင့်ရှိကြောင်းလည်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အပံ့ပေးမယ်လို့ ဝန်ကြီးချုပ် မိုဒီက ကတိပြုပြီး မြန်မာနိုင်ငံရှိ အိန္ဒိယ နိုင်ငံသားတွေကို မြန်မာ အာဏာပိုင်တွေက အညီပေးတဲ့အပေါ်လည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)