ကြံ့ခိုင်ရေးပါတီ website မှာ post တင် သင်တန်းဖွင့်

0
311

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  website မှာ  post တင်တာနဲ့ လူမှုကွန်ရက်တွေမှာ သတင်းရေးသားတဲ့ သင်တန်းတွေကို စတင် ဖွင့်လှစ်ပို့ချနေပြီဖြစ်ပါတယ်။

13327657_390195827822217_6054466293103908689_n

အဲ့ဒီ သင်တန်းကို မေလ ၃၀ရက်နေ့က စတင်ပြီး ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီ သင်တန်းကနေ ပါတီပုံရိပ်လုပ်ဆောင်မှုတွေကို သေးသိမ် မှေးမှိန်အောင် ဆောင်ရွက်တာတွေကို တုံ့ပြန်ရှင်းလင်းကြရမယ်လို့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားခဲ့ပါတယ်။

အဲ့ဒီသင်တန်းကိုတော့ သင်တန်းသား၊ သင်တန်းသူ (၄၂) ဦးတက်ရောက်နေကြတာဖြစ်ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေလည်း သင်တန်းပို့ချသူအဖြစ် ပါဝင်ခဲ့တယ်လို့  7Day သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက်တွေကို ၂၀၀၉ ခုနှစ်က စတင် အသုံးပြုလာကြတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ပါတီဝင်လူငယ်တွေကို အခုလို သင်တန်းတွေ ပို့ချလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)