အစိုးရသစ်အနေနဲ့ လွတ်လပ်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနဲ့ လုံခြုံရေးတို့ကို ချိန်ညှိဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ အမေရိကန်အောက်လွှတ်တော်အမတ်ပြောဆို

0
289

မြန်မာအစိုးရသစ်အနေနဲ့ လွတ်လပ်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနဲ့ လုံခြုံရေးတို့ကို ချိန်ညှိဆောင်ရွက်
သွားဖို့လိုအပ်တယ်လို့ အမေရိကန်အောက်လွှတ်တော်အမတ် မစ္စတာပီတာရော့စ်ကမ်က ပြောဆိုက်လိုက်ပါတယ်။

13332719_1025539654160437_2315444567082968174_n

ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ သမ္မတဦးထင်ကျော်နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံစဉ် အဲဒီလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် အစိုးရသစ်အနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ရမှာ အချိန်ယူလုပ်ဆောင်ရမယ်ဆိုတာ ပြည်သူတွေ နားလည်သဘောပေါက်လိမ့်မယ်လို့ လည်း ယုံကြည်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်ကလည်း ပြည်သူတွေအနေနဲ့ အစိုးရသစ်အပေါ် မျှော်လင့်ချက်ကြီးမားတာကို နားလည်ပြီး အရေးတကြီးလိုအပ်နေတာတွေကို ရက် ၁၀၀ စီမံကိန်းနဲ့ လုပ်ဆောင်နေပြီး တဖြည်းဖြည်း အချိန်ယူလုပ်ဆောင်ရမယ့်ကိစ္စတွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် အမြင်မတူတဲ့ကိစ္စတွေကိုလည်း အမေရိကန်အပါအ၀င် အခြားနိုင်ငံတွေနဲ့လည်း အပြုသဘောဆောင်ကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာပီတာရော့စ်ကမ်ဟာ ဒီကနေ့မှာပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)