ဦးသိန်းစိန်အစိုးရလက်ထက် ရေနံလုပ်ငန်းရှင်များ ထည့်ဝင်သော ရန်ပုံငွေကျပ် (၂.၈)ဘီလီယံ ပျောက်ဆုံးနေ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

0
347

မကွေးတိုင်းဒေသကြီးအတွင်းက ရေနံလက်ယက်တွင်းလုပ်ငန်းရှင်းများက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့တဲ့ ငွေကျပ် ၂.၈ ဘီလီယံကို အစိုးရသစ်က လက်ခံရရှိခဲ့ခြင်းမရှိဘဲ မည်သည့်နေရာမှာအသုံးပြုခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက ပြောဆိုလိုက်ပါတယ်။

president-u-thein-sein-met-with-all-91-political-parties-that-contested-the-election-in-yangon-wpcf_728x413

ဒီကနေ့ မေလ ၃၁ ရက်မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းက အဲဒီငွေတွေနဲ့ပတ်သက်လို့ မေးခွန်းမေးမြန်းစဉ် စွမ်းအင်ဝန်ကြီးက အဲဒီလို ဖြေကြားခဲ့တာပါ။ အဲဒီရန်ပုံငွေတွေကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထည့်ဝင်ခဲ့တာကို သိရှိခဲ့ပေမယ့် ဦးသိန်းစိန်အစိုးရက ၂၀၁၅ ခုနှစ်အထိ အဲဒီငွေတွေကို မည်သည့်နေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ အချက်အလက်တွေ တစ်စုံတရာဖော်ပြထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဦးသိန်းစိန်အစိုးရအနေနဲ့ ရန်ပုံငွေစုစုပေါင်း ဘယ်လောက်ရခဲ့တယ်။ ဘယ်နေရာမှာ ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာ အခုအချိန်ထိ မသိရသေးကြောင်း၊ အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေကြောင်း ပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)