ရှယ်ယာဈေးနှုန်း မတည်ငြိမ်တာကြောင့် ရင်းနှီးမြှုပ်နှံထားသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

0
324

စတော့ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်သူတွေက ရှယ်ယာဈေးနှုန်းမတည်ငြိမ်တဲ့အတွက် ရင်းနှီးမြှုပ်နှံတဲ့သူတွေ အရူံးနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးကတင်ဆက်ပေးထားပါတယ်။

ဥရောပသမဂ္ဂ အီးယူကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ပြီး နိုင်ငံတကာစတော့ဈေးကွက်မှာ ရိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံက စတော့ရှယ်ယာဈေးကွက်မှာလည်း ရိုက်ခတ်မှု အနည်းငယ်ရှိခဲ့ပါတယ်။

စတော့ရှယ်ယာ အရောင်းအ၀ယ်ဈေးကွက် မှာ စတော့ရှယ်ယာစာရင်းဝင် ကုမ္ပဏီနှစ်ခု က ရှယ်ယာအမြတ်ငွေတန်ဖိုး ထုတ်ပြန်ကြေညာခဲ့ပြီး FMI ကုမ္ပဏီက ရှယ်ယာတစ်စုရဲ့ အမြတ်ငွေတန်ဖိုး ၁၃၅ ကျပ် နဲ့ သီလ၀ါအများပိုင်ကုမ္ပဏီ MTSH က ၂၅၀၀ လို့ ကြေညာခဲ့တာပါ။

ဇွန်လ ၂၈ ရက်နေ့ က FMI စတော့ရှယ်ယာ တစ်စုကို ၁၉၀၀၀ ကျပ် နဲ့ သီလ၀ါအများပိုင်ကုမ္ပဏီ MTSH က ရှယ်ယာတစ်စုကို ၄၉၀၀၀ ကျပ်အထိ ဈေးနုန်း ကျဆင်းခဲ့ရာက ဇွန်လ ၃၀ ရက်နေ့မှာတော့ အနည်းငယ်ပြန်လည်တက်လာခဲ့ပြီး FMI က ၂၂၀၀၀ ဈေးပိတ်ခဲ့ပြီး သီလ၀ါအများပိုင်ကုမ္ပဏီ MTSH က ၅၂၀၀၀ နဲ့ ဈေးပိတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စတော့ရှယ်ယာဈေးကွက်မှာ စာရင်းဝင်ကုမ္ပဏီနှစ်ခုသာရှိသေးတာဖြစ်ပြီး စတော့ရှယ်ယာနဲ့ပတ်သက်တဲ့ ဈေးနှုန်းအတက် အကျဖြစ်ပေါ်နေတာတွေကို ရင်းနှီးမြှုပ်နှံသူတွေက သတိထားလုပ်ကိုင်ဖို့ လိုအပ်နေတာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံး စတော့ရှယ်ယာ ဈေးကွက် ဖြစ်တဲ့ ရန်ကုန်စတော့အိပ်ချိန်းကို ၂၀၁၆ ခုနှစ် ထဲမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စာရင်းဝင်ကုမ္ပဏီ နှစ်ခုသာရှိနေတာဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာ တော့ နောက်ထပ် စာရင်းဝင်ကုမ္ပဏီတစ်ခု ထပ်တိုးလာဖို့ရှိနေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)