၂၁ ရာစု ပင်လုံညီလာခံမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ခွင့်ပေးဖို့ တောင်းဆို

0
359

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရသစ်က ဆောင်ရွက်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းကို ပါဝင်ခွင့်ပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အနယ်နယ် အရပ်ရပ်က သာမန်ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ လိုလားတောင့်တ ချက်တွေကို စုစည်းသယ်ဆောင်လာပေးမယ့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ချန်မထားခဲ့ဖို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုနဲ့အတူ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်နေပြီး ၂၁ ရာစု ပင်လုံညီလာခံပေါ်ပေါက်ရေး ကော်မတီတွေ ဖွဲ့အစည်း ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)