နိုင်ငံတော်သမ္မတရုံးက သတင်းတွေကို Viber ကနေ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်

0
371

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ သတင်းတွေကို Viber ကနေ အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ပြီလို့ သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ စတင်အသုံးပြုနိုင်တဲ့ သမ္မတရုံးက တရားဝင် ပြောကြားလိုက်တာပါ။ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ Viber က Public Chat မှာ  Myanmar President Office အမည်နဲ့ရှာဖွေကာ Public Chat Follow ပြုလုပ်ထားပြီး သတင်းတွေကို ရယူကြရမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတော်သမ္မတရုံး တရားဝင် အင်တာနက်ဝက်ဘ်ဆိုက်အပြင် Facebook လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အချိန်နဲ့တစ်ပြေးညီ သတင်း ထုတ်ပြန်မှုတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)