ပဋိပက္ခကြောင့် ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အဦကို ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းသန့်ရှင်းရေးပြုလုပ်

0
381

13516207_634239373390900_5682357827684283940_n

13528920_634239190057585_4740377891003900273_n

13557937_634192160062288_1539939327345232138_n

13567250_634191936728977_1140706869794771883_n

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အဦကို ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းပြီး သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပြီး သူရဲသမိန်ကျေးရွာ ကျေးရွာတည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့ကို ဇွန်လ ၂၉ ရက်နေ့က ရွာသူရွာသားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ စတဲ့ လူပုဂ္ဂိုလ်(၄၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပဋိပက္ခကြောင့် စိုးရိမ်မှုဖြစ်ပွားပြီး ဝေါမြို့နယ်မှ ရှောင်တိမ်းခဲ့ကြတဲ့ ပြည်သူတွေထဲမှ ကျောင်းသားကျောင်းသူများကိုလည်း ပူးပေါင်းအဖွဲ့မှ လိုက်လံခေါ်ဆောင်ခဲ့ပြီး ကျောင်းပြန်လည်တက်ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)