အစိုးရအကူးအပြောင်းကာလမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေကွက်တွေကို ပြန်လည်စိစစ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်း

0
350

အစိုးရအကူးအပြောင်းကာလအတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေကွက်တွေ ပလပ်မြေတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ ရယူထားတာတွေကို စိစစ်ပေးဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးမှာ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက တင်သွင်းလိုက်ပါတယ်။

ဒီလိုရယူထားတာတွေကို ပြန်လည်စိစစ်ပြီး အများပြည်သူ အကျိုးအတွက် စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပြီး လွှတ်တော်က အဲဒီအဆိုကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမည်စာရင်းတင်သွင်းဖို့ ကြေညာခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့ ကန်တော်ကြီးအနီးက ဧရိယာကျယ်မြေနေရာတွေကို အစိုးရအကူးအပြောင်းကာလအတွင်း လူပုဂ္ဂိုလ်အမည်တွေနဲ့ ရယူထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)