ထိုင်းနိုင်ငံမှာ မြန်မာလူမျိုး တစ်သန်းကျော်ပေမယ့် မှုခင်းဖြစ်ပွားမှု အလွန်းနည်းတယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ဆို

0
355

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား တစ်သန်းကျော်ရှိနေပေမယ့် မှုခင်းဖြစ်ပွားမှု တစ်ရာကျော်လောက်သာ ရှိတဲ့အတွက် ပြဿနာဖြစ်ပွားမှု ပမာဏ မများလှဘူးလို့ ထိုင်းဒုတိယ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံစဉ် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် (GENERAL PRAWIT WONGSUWON) က အဲ့ဒီလို ပြောကြား လိုက်တာပါ။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာတော့ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို မူရင်းနေရပ်ကို ပြန်လည်ခေါ်ဆောင် နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဖို့၊ မူရင်းနေရပ်တွေမှာ အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)