လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တဲ့ ဥပဒေတွေကို ပယ်ဖျက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ပြောဆို

0
308

လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တဲ့ ဥပဒေတွေကို ပယ်ဖျက်သင့်တယ်လို့လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်၊ ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် ဗျူးလာဦးက သတင်းပေးပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံး အနိုင်ရထားတဲ့ လွှတ်တော်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တဲ့ ဥပဒေတွေကို လုံးဝ ပယ်ဖျက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇွန်လ ၂၉ ရက်နေ့က အစီရင်ခံစာထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

“အခုအခါ မြန်မာပြည်မှာ အပြောင်းအလဲတွေ အကြီးအကျယ်ဖြစ်နေပါတယ်။ အစိုးရအသစ်တက်လာပြီး လွတ်တော်ထဲမှာ နေရာအများစုလည်း ရထားပါတယ်။ အစိုးရကို ရွေးချယ်တင်မြောက်လိုက်သူတွေထဲမှာလည်း အပြောင်းအလဲအတွက် မျှော်လင့်ချက်တွေ ကြီးမားနေပါတယ်။ ကျွန်မတို့အမြင်တော့ ဒီဥပဒေတွေ ပြင်ဆင်ရေးကို ဦးစားပေးသင့်ပါတယ် အဲဒီဥပဒေတွေပြင်ဆင်ရေးဟာ နိုင်ငံက လူတွေရဲ့ အခွင့်အရေးအတွက် အရမ်းအရေးကြီး လို့ပါ။” လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဥပဒေအကြံပေးဖြစ်သူ Linda Lakhdhir က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဆိုင်ရာဥပဒေ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ အပါအ၀င် ဖိနှိပ်တဲ့ဥပဒေတွေသုံးပြီး ဒီတစ်လအတွင်း အနည်းဆုံး လူ ၇၀ လောက်ကို ဖမ်းဆီးထားပြီဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

“လွတ်လပ်စွာ ပြောဆိုခွင့်တွေက အရေးကြီးတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ဆိုတာ အခြား အခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လွတ်ပြောဆိုခွင့်မရှိတာက အစိုးရကို ဝေဖန်ဖို့အတွက် အတော်လေးခက်မယ်၊ ဒါမှမဟုတ် အခြား အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သတ်လို့ အစိုးရကို ပြောဆိုဖို့ခက်မယ်။ ဒါကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်က တကယ့်ကို ဦးစားပေးရမဲ့ အရာဖြစ်ပါတယ်။” လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဥပဒေအကြံပေးဖြစ်သူ Linda Lakhdhir က ဆိုပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ကို တင်းကြပ်စွာပိတ်ပင်ထားတဲ့ အဲဒီဥပဒေတွေကို ပယ်ဖျက်မှသာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေး အတွက် ထိရောက်မှာ ဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)