သာယာဝတီမှာ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ပေါင်း ၁၅၀ ကျော် ပြောင်းရွှေ့နေရ

0
302

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ မြစ်ကမ်းပါးပြိုကျလာမှုကြောင့် လူနေအိမ် ၁၅၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

13565983_148854015523090_1025728650_n

13576404_148854038856421_1456077191_n

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မိုးညိုမြို့နယ်အတွင်းက အင်းတော်တလုပ်ကျေးရွာအုပ်စုထဲက အင်းတော်တလုပ်ရွာနဲ့ မကျီးကုန်းရွာတွေမှာ မြစ်မခမြစ် ကမ်းပါးတွေ ပြိုကျလာကြောင့် လက်ရှိအချိန်အထိ လူနေအိမ်ပေါင်း ၁၅၀ ကျော် ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေကြရတာပါ။

ကမ်းပါးပြိုကျတဲ့ ကိစ္စနဲ့ပတ်​သက်​ပြီး သာယာဝတီခရိုင်​ မိုးညိုမြို့နယ်​ အမှတ်​ ၁၁ မဲဆန္ဒနယ်​ အမျိုးသားလွတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါက်​တာဦးဝင်းမြင့်​က လူမှုထမ်းကယ်​ဆယ်​​ရေး နှင့်​ ပြန်​လည်​​နေရာချထားရေးဝန်​ကြီးဌာန ၀န်​ကြီး ​ဒေါက်​တာဝင်းမြတ်​​အေးနဲ့ သက်​ဆိုင်​ရာဌာနတွေကို အမြန်ဆုံးတင်ပြသွားမယ်လို့ ဆိုပါတယ်။

 

သတင်းနှင့်ဓာတ်ပုံ- မောင်ပန်ကာ(ပြည်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)