UNFC နဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်အဖွဲ့ ၂၁ ရာစုပင်လုံအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေး

0
326

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁-ရာစုပင်လုံ) အကြို ပြင်ဆင်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို မနက်ဖြန် ဇူလိုင်လ ၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ UNFC က သတင်းထုတ်ပြန်ထားပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁-ရာစုပင်လုံ)ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းတွေ့ဆုံဆွေးနွေးမှု ပြုလုပ်တာဖြစ်ပါတယ်။

အဲဒီအကြိုညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြုလုပ်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေအပါအ၀င် တရားဝင်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)