ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

0
395

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရဲ့အထူးကိုယ်စားလှယ်ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား
ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Md. Shahidul Haque ကိုယနေ့ နံနက် ၁၀း၀၀ နာရီမှာ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေဆုံပွဲမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှုအပေါ် အခြေခံတဲ့ဆက်ဆံရေးနဲ့အပြန်အလှန် နားလည်မှု၊ ရေရှည်အကျိုးဖြစ်ထွန်းမှုတို့အတွက် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ အတွက် ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက် သတင်းမှာ ဖေါ်ပြထားပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)