ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံမှုဟာ ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောဆို

0
387

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံမှုဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ဖို့နဲ့ အပစ်မရပ်သေးတဲ့အဖွဲ့တွေပါဝင်နိုင်ဖို့ နည်းလမ်းရှာတဲ့နေရာတွေမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရdပ်သာ ဧည့်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ၈ ဦးတို့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးအပြီးမှာ ခွန်ဥက္ကာက အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို အစိုးရနဲ့အတူ အပြည့်အ၀ ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း ကတိပေးပြောကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အရာရှိတွေတက်ရောက်ခဲ့ကြသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ KNU ဥက္ကဌ စောမူးတူးဆေးဖိုး၊ PLNO နာယက ခွန်ဥက္ကာ၊ RCSS/SSA က ဘောင်ခေး၊ ABSDF ဥက္ကဌ ဦးသံခဲ စတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)