ယူကရိန်းမှာ သက်ကြီးဂေဟာတစ်ခု မီးလောင်မှုကြောင့် လူ ၁၇ ဦးသေဆုံး

0
331

ယူကရိန်းနိုင်ငံ Kiev မြို့အနီး ရွာတရွာမှာ မေလ ၂၉ ရက်နေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ၁၇ ဦးသေဆုံးခဲ့ပါတယ်။

_89828037_89828036

ရွာအတွင်းက ပုဂ္ဂလိက သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အဆောက်အဦးအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၅ ဦးနေထိုင်တဲ့ နှစ်ထပ် အဆောက်အဦးတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူ ၁၇ ဦးရဲ့ အလောင်းကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ပြီး သေဆုံးသူထဲက တစ်ဦးဟာ သူနာပြုဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားတဲ့အတွက်ကြောင့် အလောင်းတစ်ခုချင်းကို မည်သူမည်ဝါဆိုတာ သိရှိနိုင်ဖို့ DNA စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲဒီ သက်ကြီးရွယ်အို စောင့်ရှောက်ရေးမှာ တစ်လကို အမေရိကန်ဒေါ်လာ ၂၃၈ ဒေါ်လာ ကောက်ခံပြီး အဲဒီအဆောက်အဦးပိုင်ရှင်ကို ဖမ်းဆီးလိုက်ပြီး မီးဘေးအန္တရာယ် လုံခြုံရေးဥပဒေကို ချိုးဖောက်မှုနဲ့ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)