တန်ဖိုးနည်း အငှားအိမ်ရာ လျှောက်ထားသူများ အချက်အလက် မစုံလင်တာကြောင့် နေထိုင်ခွင့်ဆုံးရှုံးနေ

0
346

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွင်းမှာ တန်ဖိုးနည်းအငှားအိမ်ရာတွေကို မဲစနစ်နဲ့ချထားပေးရာ မှာ လျှောက်ထားတဲ့အချက်အလက်မစုံလင်လို့ နေထိုင်ခွင့်မရသေးတဲ့ အခြေခံလူတန်းစား မိသားစုတွေရှိနေပါတယ်။

13329706_1766183013616291_990621841_n

မန္တလေးကမ်းနားတစ်လျှောက်က ကျူးကျော်နေထိုင်သူတွေအတွက် ရည်ရွယ်ချထားပေးတဲ့ ဒီတန်ဖိုးနည်း အငှားအိမ်ရာတွေမှာ နေထိုင်ဖို့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မူရင်း ဒါမှမဟုတ် မိတ္တူကို ပြသနိုင်တဲ့ အိမ်ထောင်ဦးစီးဖြစ်သူကို ငှားရမ်းပေးနေတာပါ။

နေထိုင်ခွင့်ရရှိသူတွေအနေနဲ့ကတော့ အိမ်ငှားခ သက်သက်သာသာနဲ့ နေထိုင်နေကြပြီဖြစ်ပြီး အဲ့ဒီလူတွေဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်းမှာ အိုးအိမ်ပိုင်ဆိုင်မှုမရှိသူဖြစ်ရမှာပါ။ ကိုယ်ပိုင် အိမ် ၊ မြေ ပိုင်ဆိုင်တဲ့အထောက်အထား စစ်ဆေးတွေ့ရှိလာရင် ငှားရမ်းထားတဲ့ တိုက်ခန်းကို ပြန်လည်သိမ်းဆည်း သွားမှာဖြစ်ပါတယ်။

အဲ့ဒီတန်ဖိုးနည်း အငှားအိမ်ရာတွေကို မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ကျောက်သပိတ်ရပ်ကွပ်မှာ မဲစနစ်နဲ့ လျှောက်လွာတွေတင်ခွင့်ပေးနေတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)