အာမခံမရှိတဲ့ ကြော်ငြာတွေကြောင့် ပြည်သူတွေ ကျန်းမာရေးထိခိုက်နေ

0
328

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစားအသောက်တွေနဲ့ ဆေးဝါး ကြော်ငြာတွေကို အလွန်အကျူး ကြော်ငြာနေတာကြောင့် ပြည်သူတွေကြား ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ပေါ်ပေါက်လာတယ်လို့ ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

0617p15Myanmar_womenatcounter

မေလ ၂၈ ရက်နေ့က မြန်မာ  နိုင်ငံဆေးပညာရှင်အဖွဲ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က အဲဒီလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် ကြော်ငြာတွေမှာ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေ၊ တိုင်းရင်းဆေးတွေ စတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက အလွန်အကျူး ကြော်ငြာနေတာတွေရပြီး တိကျသေချာပြီး အာမခံချက်ရှိတဲ့ ကုန်ပစ္စည်းမျိုးတွေကို ပြည်သူတွေအတွက်  ကြော်ငြာပေးသင့်တယ်လို့လည်း အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကပြောပါတယ်။

အဲဒီလိုအာမခံချက်မရှိတဲ့ ကုန်ပစ္စည်းကြော်ငြာတွေကို ဥပဒေအသစ်ပြင်ဆင်ရေးဆွဲပြီး ပြုပြင်ရမှာဖြစ်ပြီး သတင်းစာ၊ ဂျာနယ်၊ ရုပ်သံလွှင့် မီဒီယာတွေ လူမှုကွန်ရက် အွန်လိုင်းမီဒီယာတွေ အနေနဲ့လည်း တာဝန်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)