ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရနဲ့ နကသ ပူးပေါင်းဆောင်ရွက်မယ်

0
365

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရသစ်နဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ အဖွဲ့ချုပ်(န.က.သ)တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ (န.က.သ)အဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောကြားလိုက်ပါတယ်။

13335696_1158145467539044_8532072357626677401_n

မေလ၂၈ ရက်နေ့က ကျင်းပတဲ့ ပညာရေဝန်းကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် (န.က.သ) အဖွဲ့တို့ တွေ့ဆုံရာမှာ ကိုဇေယျာလွင်က အဲဒီလို ပြောဆိုလိုက်တာပါ။ ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ကျောင်းသားများ သမဂ္ဂက အနေနဲ့ အဆင့်မြင့် ပညာရေးဥပဒေကို ဥပဒေအရ တရားဝင်မဖြစ်သေးချိန်မှာ တက္ကသိုလ်တွေမှာ ရှိတဲ့ သမဂ္ဂတွေရဲ့ ရပ်တည်လှုပ်ရှားခွင့်တရားဝင်ရရှိရေး၊ အဆင့်မြင့် ပညာရေး ဥပဒေကို ကျေင်းသားသမဂ္ဂတွေ ပါဝင်ရေးဆွဲခွင့်ပေးရေး၊ တက္ကသိုလ်တစ်ခုချင်းစီ ပဋိဥာဉ်တွေရေးဆွဲရာမှာ ကျောင်းသားသမဂ္ဂတွေ ပါဝင်ရေးဆွဲနိုင်ရေး၊ နည်းပညာကျောင်းတွေရဲ့ မြန်မာအဂျင်နီယာ ကောင်စီ ကိစ္စတွေအပြင် ပညာရေးဝန်ကြီးဌာနရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ ရက် ၁၀၀ စီမံချက်ကာလအတွင်း ပညာရေးအရည်အသွေးထိန်းညှိရန်အချက် အလက်များကို ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)