ရဲစခန်းရှေ့ရပ်ထားတဲ့ကားကို မီးရှို့မှု မန္တလေးမှာဖြစ်ပွား

0
370

ရဲစခန်းရှေ့မှာရပ်ထားတဲ့ကားတစ်စီးကို ဓာတ်ဆီလောင်းပြီး မီးရှို့မှုတစ်ခု ဒီကနေ့ မေလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

13254320_514937418692434_8454673838085427194_n

13254493_514937445359098_3240829380644777562_n

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၆၄×၆၅လမ်းကြားရှိ အမှတ်(၃)နယ်မြေရဲစခန်းရှေ့မှာရပ်ထားတဲ့ Honda Fit ကားကို စိတ်ဖောက်ပြန်နေတယ်လို့ယူဆရတဲ့ သံဃာတစ်ပါးက မီးရှို့ခဲ့တာပါ။ အဲဒီသံဃာကို အခု အမှတ်(၃)နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး မြို့နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်များက လာရောက် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)