ဒီပဲယင်း အရေးအခင်းအထိမ်းအမှတ်ပွဲဟာ လက်စားချေဖို့မဟုတ်ဘဲ သမိုင်းမှာ မှတ်တမ်းတင်ခြင်းသာဖြစ်

0
329

မေလ ၃၀ ရက်နေ့ ရောက်တိုင်း ဒီပဲယင်း အရေးအခင်း အခမ်းအနားပွဲကို နှစ်စဉ်အဆက်ဆက် ကျင်းပပြုလုပ်နေတာဟာ ပြန်ပြီးလက်စားချေဖို့မဟုတ်ဘူးလို့ မုံရွာအောင်ရှင်က ပြောပါတယ်။

13318549_243547872688408_162325474_n

သမိုင်းမှာ ဒီမိုကရေစီအင်အားစုတွေကို အခုလိုပဲ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံခဲ့ရတယ်ဆိုတာကို သိစေချင်တဲ့အတွက် ဒီပွဲကို ကျင်းပပြုလုပ်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင် က ပြောပါတယ်။

ဒီကနေ့ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ပြုလုပ်တဲ့ ဒီပဲယင်းအကြမ်းဖက်ခံရမှု(၁၃)နှစ်ပြည့် အခမ်းအနားအပြီးမှာ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
” ဒီအခမ်းအနားပွဲကို အာဃာတနဲ့ လုပ်နေတာ မဟုတ်ဘူး။လက်စားချေဖို့ပြောနေတာမဟုတ်ဘူး ။ ဒါကိုဘာကြောင့်ပြောရသလဲဆိုရင် သမိုင်းမှာ ကျွန်တော်တို့က မှတ်တမ်းတင်ချင်တယ်။ ဒီမိုကရေစီ အင်အားစုတွေကို မတရား ရက်စက်တယ်ဆိုတာကို မှတ်တမ်းတင်ချင်လို့ အခမ်းအနားတွေ လုပ်နေ ပြောနေတာပါ” လို့ သူဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်အချို့ စည်းရုံးရေးဆင်းခဲ့ကြတဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ကြည်ရွာအရောက်မှာ အင်အား ၃၀၀၀ လောက်ရှိတဲ့လူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့ပြီးတော့ နှိပ်စက်ညင်းပန်းခံခဲ့ရတဲ့ သူတွေလည်းရှိခဲ့ပါတယ်။ အဲ့ဒီလို ညင်းပန်းသတ်ဖြတ်မှုတွေ အင်အားအဖြစ်ပြောင်းလဲလိုက်တဲ့ ရလဒ်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီဟာ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနားကို ဒီပဲယင်း၊ ကြည်ရွာ၊ရေဦး၊ခင်ဦး၊စစ်ကိုင်း၊ မန္တလေး ၊မုံရွာစတဲ့ ဒေသတွေက ဒီမိုကရေစီအင်အားစုတွေနဲ့ ပါတီတာဝန်ရှိသူတွေ တက်ရောက် ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)