မြို့ ၁၀ မြို့မှာ ကွန်ဒုံးအခုရေ ဆယ်သိန်းကျော် ဖြန့်ဝေမယ်

0
343

အာဖရိကတိုက်ရဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ တိုဂိုနိုင်ငံမှာ အမျိုးသား အမျိုးသမီးသုံး ကွန်ဒုံးအခုရေ တစ်မီလီယံ(အခုရေ ဆယ်သိန်း)ကျော်ကို ဖြန့်ဝေသွားမှာဖြစ်ပါတယ်။

susanne_posel_news_-condoms_0

တိုဂိုမြို့ရဲ့မြို့တော် လုံးမ် အပါအ၀င် မြို့ ၁၀ ခုမှာ ဇွန်လဆန်းပိုင်းက စတင်ဖြန့်ဝေသွားမှာဖြစ်ပြီး ဒီလှုပ်ရှားမှုကို အမျိုးသား အေအိုင်ဒီအက်စ်ဆန့်ကျင်ရေးကော်မတီက ဦးဆောင်ဖြန့်ဝေတာဖြစ်ပါတယ်။
လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးအသုံးပြုတဲ့အလေ့အကျင့်ရှိသူတွေ အများအပြားရှိလာစေဖို့ ရည်ရွယ်ပြီး ဒီကွန်ဒုံးတွေကို ဖြန့်ဝေတာဖြစ်ပါတယ်။
အမျိုးသားအေအိုင်ဒီအက်စ်ဆန့်ကျင်ရေးကော်မတီ အတွင်းရေးမှူး ဗင်းဆင့်ပစ်ခ်ျက ဒီအမျိုးသားလှုပ်ရှားမှုက လူငယ်တွေနဲ့ မြို့ပြနေလူတန်းစားကို ဦးတည်ပါတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ ပစ်မှတ်ထားတဲ့လူတွေ ကွန်ဒုံးအသုံးပြုမှုမြင့်မားစေပြီး သူတို့အပြုအမူတွေ ပြောင်းလဲလာဖို့ တွန်းအားပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ နှစ်ဦးစလုံးအတွက် အကျိုးဖြစ်ထွန်းစေလို့ပါလို့ သူက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)