မဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေး အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး ကောက်ခံမယ်

0
316

လာမယ့်ရွေးကောက်ပွဲတွေမှာ မဲစာရင်းမှန်ကန်ရေးအတွက် (Door to Door)စနစ်နဲ့ အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး ကောက်ခံသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောကြားလိုက်ပါတယ်။

151102123447-myanmar-voting-day-simulation-1031-super-169

ဒီကနေ့ မေလ ၃၀ ရက်နေ့မှာကျင်းပတဲ့ပြည်သူလွှတ်တော်အစည်းအဝေးမှာ ကျောက်တံတားမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်ရဲ့ မဲဆန္ဒရှင်စာရင်းမှန်ကန်အောင် မည်သို့ပြုလုပ်ထားသလဲဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အဲဒီလိုပြောဆိုလိုက်တာပါ။

ဒီလိုအိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်းများကောက်ယူရာမှာ ကျောက်တံတားမြို့နယ်ကို စံပြမြို့နယ်အဖြစ် ထားပြီး ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီကိစ္စဟာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ နိုင်ငံရေးပါတီတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူလူထုများပါဝင်လာအောင်လည်း ပိုစတာဆိုင်းဘုတ်များ ထောင်ခြင်း၊ ရုပ်မြင်သံကြားမှ အသိပညာပေးထုတ်လွှင့်ခြင်းနဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)