ကံကုန်းကျေးရွာက ကျောင်း သားတွေ ကျောင်းတက်ကြဖို့ တိုင်းဒေသကြီး အစိုးရ ပြောကြား

0
381

ကံကုန်းကျးရွာအနီးမှာရှိတဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံကနေ ကျန်းမာရေးကိုထိခိုက်စေတဲ့ အငွေ့တွေထွက်ရှိနေတယ်လို့ ရွာသူရွာသားတွေက ပြောဆိုခဲ့ပြီး ရွာရဲ့ အခြေခံပညာ အထက်တန်း ကျောင်းတည်နေရာမှာလည်း စက်ရုံကထွက်တဲ့ အငွေ့အသက်တွေရှိနေလို့ ကျောင်းမတက်ရောက်တဲ့သူတွေရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းပညာရေးဦးစီးဋ္ဌာန ညွန်ကြားရေးမှူးတို့ဟာ အဲ့ဒီကျေးရွာကိုရောက်ရှိလာပြီး စစ်ဆေးကြည့်ရှုခဲ့ကြသလို ကျောင်းပြန်တက်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်သိန်းက စက်ရုံက အက်စစ်အငွေ့တွေ ကျောင်းဝင်းထဲကို ရောက်လာပါက ကျောင်းတက်ခြင်းကို ရပ်ဆိုင်းပြီး အန္တရာယ်ကင်းရှင်းအောင် ချက်ချင်းပြုလုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအက်ဆစ်စက်ရုံဟာ ကျေးရွာနေလူထုအတွက် ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေမှာရှိနေဆဲဖြစ်ပြီး ဆက်လက်လည်ပတနဆဲဖြစ်ပါတယ်။
ဒီစက်ရုံကို ဇွန်လ ၁၀ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့ လာရောက် ကြည့်ရှုခဲ့ပြီးနောက် ဇွန် လ ၁၅ ရက် ညပိုင်း ၁၁ နာရီခန့် ကစပြီး စက်ရုံကို ပြန်လည် လည်ပတ်ခဲ့ရာ အနံ့ဆိုးတွေ ထွက်ရှိလာနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ခွင့်တိုင်ကြားပြီး ကျောင်းမတက်ရောက် နိုင်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)